((( လွင်ပြင်ထဲမှာ )))

((( လွင်ပြင်ထဲမှာ )))

လှိုင်းတံပိုးတွေကသာ
တိုးကြိတ်များပြားနေတာပါ
ရေပြင်ကတစ်ခုထဲ။

စိတ်အတွင်းသားကို
စိတ်အရေပြားနဲ့ပတ်ထုတ်
လူက ကြောင်လို ဖြစ်တည်မှုကို ကြွက်ခုတ်တယ်။
လောဘနဲ့ ပါးနပ်စွာ အနိုင်ကျင့်ခွင့်ရမယ်
အတ္တလက်သည်းဝှက်နည်း ကျင့်သုံးခွင့်ရမယ်
လူ့နည်းလူ့ဟန်နဲ့ သစ္စာကို လှည့်စားခွင့်ရမယ်
ကိုယ့်ရှင်ခြင်းကို သူ့သေခြင်းနဲ့ သယ်ဆောင်ခွင့်ရမယ်။

လူတစ်ဦးရဲ့ရှင်သန်မှုဆိုတာ
အမှန်/အမှားတစ်ခုဆိုပါစို့
လူတစ်ဦးရဲ့ရှင်သန်မှုဟာ
လှိုင်းတစ်လုံးရဲ့အားမာန်ဆိုပါ
စို့

အမှန်/အမှားတွေကသာ
ထိုးကြိတ်စကားများနေတာပါ
သင်္ခါရကတစ်ခုထဲ။ ။

သုအိုင်စံ

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))