((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))
((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတေ လာင်းနှင့် ညီ/မညီ )))
စူပါ စစ်အားအင် ပိုင်ထားတဲ့ ပန်တခွန် ပဉ္စဂံတိုက်ထဲမှာ
ဗျူဟာသစ်များဆင် ထိုင်ထားလျှက် ရန်စွယ်ချွန် ရှင်သန် မိုက်မဲစွာ
ကမ္ဘာကြီး ရှင်သန်သွားတဲ့ ပစ္စုပ္ပန်ယန္တယားရဲ့ နယ်ပယ် အမျိုးမျိုးမှာ
ဆရာကြီး တမင်ဆန်ထားတဲ့ အကျင့်ယုတ် ဥာဏ်စွမ်းအားနဲ့ ချယ်လှယ် စိုးမိုးလာ
အကြီးဆုံး နိုင်ငံရေးအတ္တများနဲ့ ကမ္ဘာတဝှမ်း ရှိသမျှကို ရွာအဖြစ်တည်ရန်အတွက်
စည်းလုံးခိုင်ဟန်ရေးပြသထားတဲ့ ဆရာရမ်းသည့်အတတ်ကို ကမ္ဘာသစ်စီမံချက်ဟာ
အမေရိကရဲ့ ပုံသေးနည်းတွေနဲ့ အတင်းဘောင်ခတ်ထားတဲ့ လူသားအရေး မူလမ်းစဉ်နဲ့
အဖြေညှိမရတဲ့ ဘုံနေနည်းတွေရဲ့ အလင်းရောင်ပြသွားတဲ့ အတူသွားရေး လူလမ်းထွင်ခဲ့
အစွမ်းအစမှာ အားလိုသေးတဲ့ နိုင်ငံသားလေးများ အားလုံးကို စုစည်းချုပ်နှောင်သွားရန်
အငမ်းမရစွာ ဝါးမျိုရေးနဲ့ အပိုင်စံစားရေးအား အားသုံးဗိုလ်ပြုပြီး လုပ်ဆောင်သွားရန်
အားသာဗိုလ်ကျတဲ့ ကိုယ်မှန်တရားနဲ့ အလံမြင့်တက်-လွင့်ရာကို လိုက်လုပ်ဖို့
အများတကာ အလိုမကျတဲ့ ကြိုကန်ထားချက် ရန်စစ်ဘက်-မျက်နှာကို တိုက်ထုတ်လို့
ပညာရှိလူတန်းစားကို ကြေးထိုး ခါးပိုက်ဆောင် ထည့်ထားလို့ အဆိပ်သွပ် ခိုင်းစားတယ်
ယှဉ်လာသည့် လူစွမ်းများကို ဘေးဆိုးအမိုက်ကောင်အဖျက်သမားလို့  နှိပ်ကွပ် နှိုင်းထားမယ်
ကမ္ဘာကို သူထိုင်လှည့်နေတယ်ထင်တဲ့ စူပါပါဝါက မြေဇာမြက်မြစ်တူးစားရေးကို စိုက်ပျိုးတယ်
ကမ္ဘာကို သူကိုင်ဖျက်နေတယ်မြင်တဲ့ လူတကာက နေရာဖျက် စစ်စီးပွားရေးကို ရိုက်ချိုးတယ်
အရှေ့အလယ်ပိုင်းလို တခေတ်လုံးအမြဲရှိတဲ့ရေနံကြောင်းေ တွဟာ လုံးဝ မရပ်စဲတတ်ဘူး
အကွေ့အကွယ်တိုင်းကို စစ်သုံးဆွဲကြည့်တဲ့မှန်ပြောင်းေ တွဟာ လုံးဝ မကျကွဲတတ်ဘူး
ကမ္ဘာသစ်စီမံချက်မှန်မှာ စူပါတကာတိုင်းဟာ လောဘကို ဒိုင်ကိုင်၍ ဆက်မိုက်ဆဲပါလေ
မဟာစစ်ကျည်ဆံဖျက်ခံကာ လူနာမသာတိုင်းဟာ ဒေါသကို ပိုင်ဆိုင်၍ ထွက်တိုက်ရဲလာပေ
ဟားဗတ်တက္ကသိုလ် လမ်းကျဉ်းထက် လျှောက်မြဲ လျှောက်သွားတဲ့ ရွှေမဲရေးရာ ကျွမ်းကျင် ပါရဂူ
ဘာသာရပ်သင်တဲ့အလုပ်မှန်နေသည့် ဘဝရောင်တွေတောက်ပနေတဲ့ ဥာဏ်အားသာတဲ့သူက
ဖိနှိပ်ဒဏ်နဲ့ သူတပါးသွေးကို ဆက်သောက်သွားဖို့ ရေနံကုန်းတွေကို ထပ်တွေ့ထားတယ်--တဲ့--
(ဝေးရပ်မြေမှာ ဝဋ်ကျလို့ ယန်းကီးတယောက်ရဲ့ ကျူးလွန်မှုများ--- သိပ်ရမ်းကားစွာ )
ကျဆုံးကြွေလွင့်ဖွာရန်-- မတရားဈာန်တော်..ကုန်ရစ်-- မြေမှာငြိမ်းဝပ်သေတော့မလား
ရှားပါးအသက်ကို ထမ်းရင်းနဲ့ ပေါက်ကွဲ ပျောက်သွားတဲ့ သေပွဲအပြေးမှာ ပန်းဝင်လာသူ
အာရပ်ရင်ခွင်ရဲ့သုသာန်မြေရှိ ဘဝအမှောင်တွေ သောက်ချနေတဲ့ ဒဏ်များစွာနဲ့လူက
ဖိနှိပ်ခံရဲ့ လူသားအရေးကို ဆက်လျှောက်သွားဖို့ အသေခံဗုံးတွေကို ထပ်ပွေ့သွားတယ်--တဲ့--
(မွေးရပ်မြေမှာ လွပ်လပ်ဖို့ လမ်းခရီးးဖောက်တဲ့ ထူချွန်ဆုများ--- သိပ်လန်းသွားကာ )
အလှဆုံးတွေ ဖြစ်လာရန်--ကုလားအလံတော်..တုန် လွင့်-- လေမှာယိမ်းခွပ်နေတော့မလား
ဆင်နှာမောင်ပိုက်လုံးထဲကို ဗုံးပိုက်ခွဲ သေတဲ့ ပုရွက်ဆိတ်တသောင်း သေရပါရင်
ဆင်အလောင်းမိုက်လည်း မြေကျပါသလား
အာရပ်ကုလားတွေတွက်တဲ့သင်္ချာဟာ ကမ္ဘာကအများတွေအတွက် မမြင်သာသေးပါ
အမှားတွေထွက်ခဲ့တာတွေလည်း ရာဇဝင်သမိုင်းထဲ စာသင်တိုင်းပဲ ရှိနေပြန်သေးရဲ့
ကြိုးစားပေးဆက် အသေခံဗုံးဒဏ်တွေနဲ့ အသက်သေသူများရဲ့ သွေးကွက်သွေးစုတွေကို
အမျိုးသားရေးနဲ့ အခြေခံရုန်းကန်နေတဲ့ ဆက်နေသူများက အလေးအနက် အလေးပြုနေတာ
လူလူချင်း ဂုတ်သွေးဖောက်သောက်တဲ့ လူ့ငရဲကုန်းမြေရဲ့ ရန်ပွားတဲ့ ဝဋ်ကျခြင်းလေလား
လူလူချင်း လုပ်ကျွေူးစောင့်ရှောက်တဲ့ လူ့အသဲနှလုံးတွေရဲ့မာန်အားနဲ့ လွပ်လပ်ခြင်းလေလား
ကုလားအစစ်အမှန်တို့ အလုပ်ကား ကုလားဖြစ်နေရန်လို့ မဟုတ်လား
လျှင်မြန်ဖျတ်လတ်စေတဲ့ ဘဝအားအင်နဲ့ စိတ်ရိက္ခာများ--လို--မလို--အသိ- -ရှိခဲ့ဖူးတယ်--
ရှင်သန်လတ်ဆတ်နေတဲ့ အဖဘုရားသခင်ရဲ့အဆိပ်မိန့်စာများ --လို--မလို--အရှိ--မသိခဲ့ဖူး တယ်--
ဆင်နှာမောင်းပိုက်လုံးထဲကို ဗုံးပိုက်ပြီး ဝင်တိုက်သေတဲ့ ပုရွက်ဆိပ်များစွာဟာ
ဆလံမာရီကွန်းစကားတွေနဲ့ ပြောဆိုပျူငှာ လူအမြင်မှန်တွေနဲ့ အရမ်းယဉ်ကျေးချိုသာ
အသံလွှင့်ထားတဲ့လေထုနယ်တိုင်း လွပ်လပ်နေတဲ့ လူသားနဲ့ သူ့အစဉ်အလာများ
ဆင်နှာမောင်းပိုက်လုံးထဲကို ဗုံးပိုက်ပြီး ဝင်တိုက်သေတဲ့ ပုရွက်ဆိပ်များစွာဟာ
ကမ္ဘာတည်ထွန်းကားနေတဲ့ တယောလိုလူဟာ သူရှင်သန်နေတဲ့ လမ်းစဉ်တေးဆိုကာ
အမှန်ချစ်သွားမဲ့ မြေထုထည်ဝိုင်း ကဗျာလွတ်ကနေတဲ့ လူသားနဲ့ သူ့အနုပညာများ
နေတုန်းခဏတွင် အလှအပ သန်မာတဲ့ အချစ်များနဲ့ ဆက်ဖက်ထားကြလျှင် နေပျော်ကာ
သေဆုံးရစဉ် ဒသနအ မှန်လာတဲ့ အစစ်တရားနဲ့ အသက်ထွက်သွားကြရင် သေပျော်မှာ
သို့သော်---မဟာရူပ-အတွေးအခေါ်ဟု- -ဆိုရမလား
ကမ္ဘာသစ် ဆောက်နေတဲ့ တေးသွားရဲ့ အတွင်းမှန်တရားဟာ မဟာနည်း သစ်နေရမှာပေါ့
ရာသီသစ် ရောက်စေတဲ့ အပြေးအားရဲ့ သတင်းအမြန်များစွာ ဆရာကြီး ဖြစ်နေရမှာပေါ့
ယာယီဖြစ် ပေါက်စေတဲ့ အရေးအသားရဲ့ ဆင်းသဏ္ဍာန်အားမှာ ကဗျာချည်း စစ်နေရမှာပေါ့
လူတကာကိုပဲ အစဉ်ဆက်လက် လိုက်ဒုက္ခပေးတဲ့ ဆင်နှာမောင်းကို ဆူးခတ်သတ်ဖို့ရာ
ဗျူဟာကိုဆွဲစဉ် အသက်ဆက် တိုက်ထုတ်ကြရေးနဲ့ မျော့အကြောင်းကို အထူးဖတ် မှတ်လို့လာ
သို့သော်---ယထာဘူတ-ချွင်းချော် ချက်ဟု--ဆိုရမလား
ပုရွက်ဆိပ်သေတသောင်းမှာ ဆင်သေတလောင်း ရ/မရ မသေချာ မရေရာ
ဘုရားတွေရဲ့ ဘဝညီမျှခြင်းဟာ အမြဲတမ်း လွဲမှားနေ ရွဲ့စောင်းစွေလျှက်မို့
တရားတွေရဲ့ ဓမ္မပီသခြင်းဟာ အမြဲတမ်း ကွဲခြားနေ အက်ကြောင်းတွေ ဆက်လို့
သို့သော်---မဟာလူက-သိပ်တော်တာဟု --ဆိုရမလား
သေချာသော ဥာဏ်စွမ်းစကို လမ်းဖေါက်ဖော် သုံးနိုင်စွဲနိုင်ရန် နည်းအားတွေမဲ့
မသေချာသော ကံလမ်းမကို မှန်းစောင့်မျှော် အဆုံးတိုင်မွဲ နိုင်ငံကြီးသားတွေရဲ့
ကမ္ဘာရပ်တကာ၏ လူ့အသုံးဝင်ချက်များ ပျက်ပြီး မျိုးပွားနေတဲ့ မနက်ဖန်တွေဖျားနာကြောင်းပေါ့
အာရပ်ကမ္ဘာရှိ လူ့အမုန်းစဉ်ဆက်များ ဆက်ပြီး ဆိုးဝါးနေတဲ့ လက်ကျန်တွေများစွာအကြောင်းပေါ့
ပုရွက်ဆိတ်တသောင်းသေပွဲဝင်ကြအု န်းပေါ့၊ ဆင်တလောင်း မြေထဲတွင် ကျဆုံးတော့--မလား
တုံးတိုက်ရင်း-ထွက်တိုက်ဆဲလေ၊ မုန်းမိုက်ရင်း-ဆက်မိုက်ရဲနေ၊ ဗုံးပိုက်ရင်း-ဆက်တိုက်ခွဲသေ
အာရပ်သွေးချင်း ပဲ့ကြွေပြုန်းနေတာက လက်တွေ့ပဲ၊ တိုက်ပွဲဝင် ရန်ကြွေးဆပ်နေတဲ့ ဒီအလုပ်မှာ၊
ယန်းကီးမရင်း အသက်သေဆုံးကြွေမှာက အခက်တွေ့ဆဲ၊ မိုက်မဲစဉ် ကံဖေးမ နေတဲ့နေတဲ့ ဒီပုစ္ဆာ
တရားဟာ ဘက်လိုက်တုန်းပဲ--အဖြေမှန်လို့ လိမ်စော်ကားခဲ့---ကမ္ဘာတခုလုံး-- တန်ဖိုးတွေမဲ့သွား
ကုလားဟာ ဆက်မိုက်ဗုံးခွဲ--အသေခံဖို့- စိမ်ခေါ်ထားခဲ့---ကမ္ဘာပြုအမုန်း- -ရန်ငြိုးတွေ ဆက်ပွား
အမေရိကရဲ့ ကမ္ဘာသစ် နိုင်ငံရေး ကစားတဲ့ ဒသနအပေါ်မှာ စိတ်ဓါတ်မွဲဖို့ သင်ကြားရတယ်
အဖြေမသိရတဲ့ မဟာ စစ်နိုင်ငံကြေးစားတဲ့ အဓမ္မဒေါ်လာ အိပ်ကပ်ထဲသို့ ဝင်သွားကြတယ်
သေသွားတဲ့ကုလား ကောင်းကင်မြေအထက်ဘုံအား ဦးတိုက်လို့-ဆိုက်ကပ်သွားသလား- -
ကုလားဘဝနိဂုံးဟာ-အလာမြတ်ကို ထိုးအပ် မိကာ-ကိုယ်တိုင်-မဆုံးလိုက်ရဘူး
သေသွားတဲ့ယန်းကီးအလောင်း ဝင်ငွေသွက်ပုံကား ရူးမိုက်လို့- တိုက်ခများများ--
ခင်ဗျားဘဝရှိတုန်းမှာ--ဘာမှကို အကျိုးမြတ် ရှိစွာ-ကိုယ်တိုင်-မသုံးလိုက် ရဘူး
လူသေသွားတဲ့ရေမြေအနှံ့တိုင်းမှာ အဖြေမှန်ဝေးကာ ရူးသွပ်ခဲ့တယ်
လူသေများရဲ့လေပြေရနံလှိုင်းဟာ အသေခံရေးသာ ခူးဆွတ်ခဲ့တယ်
လူလည်ဖျံကျနေသူ အမြတ်ထွက်သေတဲ့ စူပါအလောင်းနဲ့
လူလည်ခံရနေသူ ဘဝပျက်သေတဲ့ လူတကာအခေါင်းနဲ့
သမိုင်းကြောင်းကို အုပ်ဂူသွင်း၊ သုသာန်မှာ အသာဘ စာရင်းရှင်းရင်၊
အခြေခံတန်ဖိုးချင်း တူလား/မတူလား၊ ကွဲ/ မကွဲလား၊ ခွဲခြားခက်သား
အသေခံဗုံးများက ဆက်ကွဲသွားတယ်။ ။
သုအိုင်စံ
၀၁-၀၈-၂၀၁၆
Comments
Post a Comment