((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( ကိုယ်ပိုင်အကြွေး )))

ရန်သူအတွက် လူသတ်ဗုံး နဲ့
မိတ်ဆွေအတွက် ပေါင်မုန့်တုံး၊
ဒီ လမ်းစဉ် ၂ ခုစလုံးကို
ငါက တီထွင်ပြီး ချသုံးတယ်
စီမံချက် ၂ရပ် စလုံးကိုတော့
ငါ့ ရေတပ်နဲ့ ကြည်းတပ်တို့က
ထောက်ပို့ကြတာပေါ့

ငါ ကြဲချလိုက်တဲ့ လူသတ်ဗုံးက
မိတ်ဆွေရဲ့ အိမ်ခေါင်မိုးပေါ်ကျပြီး
ငါ ကြဲချလိုက်တဲ့ ပေါင်မုန့်တုံးက
ရန်သူရဲ့ ပါးစပ်ပေါက်ထဲ ကျသွားတယ်
ဘာကမှားပြီး ဘယ်လိုရှင်းရမလဲ ဆိုတာ
ငါ သိပ် သိတာပေါ့

ငါ့ အမှားကို ပြင်ဆင်ခွင့်ပေးပါ
ကမ္ဘာကြီးကို ငါ သိပ်ချစ်လို့ပါကွာ
ကမ္ဘာကြီးက
ငါ့ကို နေဖို့နိုင်ငံ ပေးထားတယ်လေ

ငါ့ အမှားကို မေ့လျှော့ခွင့်ပေးပါ
စစ်ပွဲကြီးကို ငါ သိပ်ချစ်လို့ပါကွာ
စစ်ပွဲကြီးက
ငါ့ကို ရှင်ဖို့ပိုက်ဆံ ပေးထားတယ်လေ

ရန်သူက မိတ်ဆွေ ဖြစ်လာပြီး
မိတ်ဆွေက ရန်သူ ဖြစ်လာတဲ့အခါ
ဘယ်လိုပြင်ရမလဲ ငါသိတာပေါ့

ဒါပေမဲ့ ဒီကနေ့ခေတ်ဟာ
လူတွေက ဗုံးတွေ ဖြစ်လာပြီး
ဗုံးတွေက လူတွေ ဖြစ် မလာတဲ့ ခေတ်ပါ
အဲဒါကို ဘယ်လို အသစ်ပြင်ဆင်ကြမလဲ
ငါ့ ဦးနှောက်က အဆုံးမမြင်အောင်ပဲ
နည်း နည်းလှတယ်
ငါ့ ဥာဏ်ပညာက အသုံးမဝင်အောင်ပဲ
မွဲ မွဲလှတယ်

ငါရယ်၊ ငါ့ မိတ်ဆွေတွေနဲ့ ငါ့ ရန်သူများ
အားလုံးဟာ ပေါင်မုန့် စားကြတဲ့ လူတွေပါ
ငါတို့ဟာ ဗုံးတွေကိုလည်း တီထွင်ခဲ့တယ်
ငါတို့ဟာ လူတွေကိုလည်း တီထွင်ခဲ့တယ်
ငါတို့ဟာ ပေါင်မုန့်ကိုလည်း တီထွင်ခဲ့တယ်
ဒါပေမဲ့ အကန့်သတ်မဲ့စွာ မှားယွင်းလာခဲ့ကြ
ဥပမာ ဗုံးတွေက အရမ်းကို များ များသွားတာမျိုးဗျာ
ပေါင်မုန့်က အရမ်းကို ရှား ရှားသွားတာမျိုးတွေကွာ
ငါတို့ဟာ မှားယွင်းစွာနဲ့ အကန့်အသတ်မဲ့ကာ

လူကြီးလူကောင်းမင်း
မနုသဘောင်တွင်းက လူ့ဇတ်ဆောင်ရင်းတို့ရေ...
ကိုယ့်အကြွေးတွေ ကိုယ် ပြန်ဆပ်ကြရအောင်လား
ကျနော်တို့ဟာ တအားကို ဗိုက်ဆာလာတဲ့အခါ
ဗုံးတွေကို မစားကြပဲနဲ့
ပေါင်မုန့်ကိုပဲ စားခဲ့ကြတယ် မဟုတ်လား
ထုတ်ထားတဲ့ ဗုံးတွေကို ပြန်လည်ရုပ်သိမ်းပြီး
မထုတ်ရသေးတဲ့ ပေါင်မုန့်တွေကို ဆက်ထုတ်သွားကြဖို့
ကိုယ်ပိုင်အကြွေးတို့အား ကိုယ်တိုင်ပေးစို့လား
စားပြီးတဲ့ အစာအိမ်က အရင်လိုပဲ ပြန် ထပ်ဆာလာ
အကြွေးတွေသာ အမြန် ဆပ်ကြဗျာ။ ။

သုအိုင်စံ
၂၀၀၇

SELF-DEBT
-----------------

I' ve got "Bomb For Foe and Bread For Friend" policy
Both things are occupied by my air-force and navy

Bread fallen into foe's mouth
Bomb fallen over friend's house
I know what's wrong and how to sort it out

Let me correct my mistake 'cause I love this world
This world supplies me a country to live

Let me forget my mistake 'cause I love this war
This war supplies me the money to exist

When A friend has become foe
And foe has become friend
I know how to fix the things

But these days, human has become bomb
And bomb never become human being
I've got no idea how to adjust the things

I, my friend and my enemy are all human that eats bread
We' ve invented bomb, human and bread but wrongly unlimited

Gentleman, lets pay back our debts
When human gets hungry,
They don't eat bombs but breads!

Thu I San
2007

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))