((( မြေကိုစမ်းမယ်၊ အနာဂတ်ကိုပျိုးမယ်၊ ဖက်ဒရယ်နဲ့ )))

((( မြေကိုစမ်းမယ်၊ အနာဂတ်ကိုပျိုးမယ်၊ ဖက်ဒရယ်နဲ့ )))

ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စု မဟုတ်တော့
သစ်ခုတ်ရောင်းရငွေကို၊ ကျောက်စိမ်းထုတ်ရောင်းရငွေကို၊
ဓါတ်ငွေ့ထုတ်ရောင်းရငွေကို၊ ရေနံထုတ်ရောင်းရငွေကို၊
လျှပ်စစ်ထုတ်ရောင်းရငွေကို၊ ကြေးနီထုတ်ရောင်းရငွေကို၊
ဗဟိုအစိုးရကို ရာခိုင်နှုန်းနဲ့ပေးမလား၊ ပြည်နယ်အစိုးရကပဲ စားမလား
ဒါတွေ---ဒါတွေဟာ---မကွဲပြား မသေချာပေမဲ့
ပြည်သူတွေ မစားရတာက သေချာနေခဲ့

ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စု မဟုတ်တော့
နှစ်စဉ်နှစ်တိုင်းပေါ့ နိုင်ငံတော် အစိုးရဘတ်ချက် ခွဲခြမ်းချမှတ်ရင်
ဘယ်တိုင်းရဲ့ လိုအပ်မှုကိုမှ မမြင်၊ ဘယ်ပြည်နယ်ရဲ့ လိုမှုကိုမှ မမြင်
စစ်ခေါင်းစဉ်နဲ့ လုပ်လိုက်ပေရဲ့၊ စစ်တပ်ထဲ စီးဝင်သွားတဲ့ဘဏ္ဍာငွေ
ဒါတွေ---ဒါတွေဟာ--စစ်တပ်ကြီး-တိုးတက်/မတက် မသေချာပေမဲ့...
စစ်သားတွေ မစားခဲ့တာ သေချာနေရဲ့
ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စု မဟုတ်ရင်
ပြည်နယ်ပေါင်းစုံပြည်ထောင်အကွဲကြီး-လို့ -ဆိုကြပါစို့လား...
မင်းတို့ နဲ့ ငါတို့ အနှစ် ၆၀ ကျော် စစ်မီး ဆော့ကစားခဲ့တာ
ဖြစ်သင့်သော-စစ်ကို အမြစ်ဖြုတ်ချင်လို့လည်း မဟုတ်ဘူး
ဖြစ်သင့်သော-ခေတ်ကို အသစ်လုပ်ချင်လို့လည်း မဟုတ်ဘူး
အတူ-လုပ်ကြံကာ-ဖူးညွန့်ထားတဲ့-စစ်ထွက်ကုန်စည်ရဲ့-အကျိုးအမြတ်များကို
အတူ-ဟုတ်မှန်စွာ-ခူးဆွတ်စားမဲ့-နှစ်သက်ပုံအညီနဲ့-အချိုးကျ ဖြတ်စားဖို့
ပြည်သူတို့-မသိနိုင်ရန်-တကွက်ချန်ထားခဲ့တဲ့ နှစ်ဘက်လက်နက်ကိုင်များ
ဒီနယ်မြေမှာ တောင်တတောင် သစ်ပင်တွေ ပြောင်စင်သွားတယ်
ဒီနယ်မြေမှာ ကျောင်းတဆောင် အသစ်ဝင် တည်ထောင်မလာဘူး
ဒီနယ်မြေမှာ မြစ်တစင်း ပျက်စီးတိမ်ကော လမ်းပျောက်သွားတယ်
ဒီနယ်မြေမှာ အရေးကြီးတဲ့ဆေးပေးခန်းတခု ပေါ်ပေါက် မလာဘူး
ဆူးစူးပြည်တည်နာနဲ့လှမ်းရွေ့နေရတဲ့ နေသားတကျ လူထုဘဝတွေ
အိမ်ပေါ်မှာ ထမင်းချက်တဲ့ ထင်းမီး-မသေရန် ဆက်တိုက် ဂရုစိုက်နေရ
အိမ်ဘေးက ပြည်ပပို့ကုန် ဂက်စ်ပိုက်ကြီး စီးနေတာ သတ္ထုရောင်လက်ပပ
မြို့ထဲမှာ ရပ်ကွက်ရဲ့လမ်းမီးတွေမှိန်၊ အရင်လိုပဲ အလင်းရောင်က မဝတဝ
မြို့ပြင်မှာ ပြည်ပပို့ကုန် လျှပ်စစ်လမ်းကြောင်းကြီး စီးနေတာ သပ်သပ်ရပ်ရပ်
ဆူးစူးပြည်တည်နာနဲ့လှမ်းရွေ့နေရတဲ့ နေသားတကျ လူထုဘဝတွေ
နိုင်ငံခြား ကုမ္ပဏီတွေ လျှောက်ဝင်လာဆဲ... နိုင်ငံခြားဝင်ငွေကြေးတွေ ဝင်လာနေဆဲ
နိုင်ငံသားတွေဆီ၊ ဘုံဘဝတွေဆီ ရောက်မလာပဲ... နိုင်ငံသားတွေ အကြွေး တင်နေဆဲ
ပြည်နယ်ပေါင်းစုံပြည်ထောင်အကွဲကြီး-က- ဘယ်လိုမှ-အလုပ်မဖြစ်တာ-အထင်အရှားပဲ
စစ်ပွဲအတုတွေကို ရပ်စဲလေ.. ငြိမ်းချမ်းရေးအစစ်ကို ပျိုးကြဲလေ..လူထုကြီးက မျှော်နေဆဲ
ပြည်နယ်ပေါင်းစုံပြည်ထောင်အကွဲကြီး-သည်- မဲပြာလုံချည် အလုပ်မဖြစ်မှတော့
ပြည်နယ်ပေါင်းဆုံ (ပေါင်း+ဆုံ) ပြည်ထောင်စုသစ်ကို- စမ်းကြည့်ရတော့မယ်
ဖက်ဒရယ်---ဆိုတာကို--လေ့လာစို့...
ဒီမှာ....လေ့လာတာတို့သည်--တွေ့လာဖို့လည်း လိုသည်..
သို့- / ဒေါ်---အောင်---ဆန်း---စု---ကြည်။ ။

သုအိုင်စံ
၁၀-၁၂-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))