((( အပေါင်းလက္ခဏာ )))

((( အပေါင်းလက္ခဏာ )))

ပင်လယ် မရှိတဲ့ မျဉ်းဖြောင့်ဟာ
၉၀ ဒီဂရီ ရပ်နေရတယ်
တောင်တန်း မရှိတဲ့ မျဉ်းဖြောင့်ဟာ
၁၈၀ ဒီဂရီ ဖြတ်သန်းသွားရတယ်
ပင်လယ်ရော တောင်တန်းရော
မရှိတဲ့ ဆုံချက်ဟာ
လွင်ပြင်လို ညှိနှိုင်းနေရတယ်

အဲဒီမှာ
အပေါင်းလက္ခာဏာ ဖြစ်တယ်
အဲဒီမှာ
တိုင်းပြည် ဖြစ်တယ်
အဲဒီမှာ
ပြည်ထောင်စု ဖြစ်တယ်

ခွဲထွက်ရင် ပွဲပျက်မှာပေါ့

မင်းမျဉ်းတကြောင်းတည်း
မြောင်းထဲသွားနေလို့ရရင် နေကွာလို့
ငါတို့ဟာ လက်ခံလို့ မဖြစ်ဘူး

ဒါဟာ
မင်းရောဂါ ငါ့သွေးထဲ လှည့်သွားနေတဲ့
ငါတို့ရဲ့ ဗဟိုလုံးသားပဲ ဖြစ်တယ်...။ ။

သုအိုင်စံ
၀၄-၀၉-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ