((( တေးသီချင်းသံစဉ်-လွင့်လွင့်- သွေးချင်းအလံတင်-မြင့်မြင့်- )))

((( တေးသီချင်းသံစဉ်-လွင့်လွင့်-
သွေးချင်းအလံတင်-မြင့်မြင့်- )))

ပင်လုံညီလာခံသစ်တေးကိုကွယ်
ရင်ခုန်ညီညာသံအစစ်လေးနဲ့ ဆိုမယ်
တူရိယာပေါင်းစုံ တွဲ တီးရေးဝါဒမှာ
လူရှိတာပေါင်းဆုံပွဲ စည်းဝေးလာကြရာ
ပြည်ထောင်စုသားမှန်ရင်နွေးထွေးကြကာ
ညီနောင်ထုအားမာန်တွင်သွေးစေးကပ်စွာ
ခု-ရာသက္ကရာဇ်ရဲ့နှစ်ဆယ့်တစ်သမိုင်းမှာ
ခု-တခါထပ်ဖြစ်တဲ့ အသက်စစ်တိုင်းဟာ
ကွဲခြားစွာတွဲထားတဲ့ လေပြည်ကို အတူ ရှူမည်
ကွဲခြားစွာတွဲထားတဲ့ ရေကြည်ကို အတူ သောက်မည်
ကွဲခြားစွာတွဲထားတဲ့ မြေညီကို အတူ နင်းမည်
ကွဲခြားစွာတွဲထားတဲ့ နေခြည်ကို အတူ ပွေ့မည်
ကွဲခြားစွာတွဲထားတဲ့ အသိတရားကို အတူ မျှဝေမည်
ကွဲခြားစွာတွဲထားတဲ့ အတွေးအမြင်ကို အတူ ဆွေးနွေးမည်
ကွဲခြားစွာတွဲထားတဲ့ လမ်းစဉ်ကို အတူ ယုံကြည်မည်
ထိုအရာသည်
ဘယ်တိုင်းရင်းသားဘာသာစကားနဲ့ ပဲ သီဆို သီဆို
ပြည်ထောင်စုဆိုတဲ့ အဓိပ္ပါယ်ရတဲ့ သစ္စာစစ်အမှန်ပဲ
ညီနောင်ထုဆိုတဲ့ အင်အားရတဲ့ သိက္ခာစစ်အမှန်ပဲ
အဲဒါဟာ နှစ်ဆယ်တစ်ရာစုမြန်မာနိုင်ငံတော်ရဲ့
ပြည်ထောင်စုမဏ္ဍိုင်အလံတော်ပဲဖြစ်တယ်။ ။

သုနိုင်ငံ
၂၀-၀၅-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))