((( ရင်သွေး )))

((( ရင်သွေး )))

သူရှုံးနိမ့် ကိုယ်ပြုံးပျော်
ပိုက်ကျော်ခြင်း ခတ်နေတာ မဟုတ်ဘူး
သူရှုံးနိမ့် ကိုယ်ပျော်ပြုံး
ဘော်လုံးကို ကန်နေတာ မဟုတ်ဘူး
ညီညီညာညာ လက်တွဲ
ဝိုင်းထဲမှာ ရသတန်ခိုး မြောက်ကြွနေရန်
ဝိုင်းထဲမှာ ဘဝတန်ဖိုး တောက်ပနေရန်
စည်းလုံးခြင်းကာရန်နဲ့  ဝိုင်းဝန်းရံခတ်ကြ
ကွင်းထဲမှာ
မခတ်တတ်သေးသူတွေ ဘေးနားက လေ့လာနိုင်သားပဲ
ခတ်တတ်ပြီးသူတွေ ညီညွတ်ဆက်လက် နေထိုင်သွားဆဲ
ဝိုင်းခြင်း အားကစား အတတ်ပညာဆိုတာ
မြန်မာ့ရိုးရာစစ် မူပိုင်မှုတခု မဟုတ်လား
ပြည်ထောင်စုဆိုတာ
မွေးစားသား မဟုတ်ဘူးကွာ
လေ့လာပါ၊ ဝင်ပါပါ၊ ပတ်သက်ပါ၊
ဘေးတိုက်လှမ်းကာ၊
ကန့် လန့် ကြီး ချီတက် မလာနဲ့ ကွာ။ ။

သုအိုင်စံ
၀၃-၀၉-၂၀၁၆
( ဝ- သို့ -ပေးစာ )

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))