((( မြင်း/မျဉ်းပေါ်က ပြုတ်ကျခဲ့သူများ )))

((( မြင်း/မျဉ်းပေါ်က ပြုတ်ကျခဲ့သူများ )))

ဟောဒီ အမြတ်ဆုံး ဂူသုသာန်မှာ
၂ ဘ၀လုံးအတူ မြှုပ်နှံမယ်လို့ 
အစက ဟစ်ကြွေးခဲ့ကြတယ်
ရိုးမြေကျဆိုတဲ့ စကားကို
အမျိုးအမွေရသလို တဖွဖွပြောတယ်
ရာသက်ပန်ကြေးနော်ဆိုတဲ့
ကဗျာဖွဲ့ ဟန်နဲ့ တေးတွေ အော်ဆိုတယ်
အစဉ်ထာဝရပဲဆိုတဲ့
ဘ၀င်မာနတွေနဲ့ ရဲရဲယုံကြည်တယ်
ဒီလိုပါပဲ...
အချိန်ကာလ လှိုင်းတသိုက်က
အိမ်ကမ္ဘာမြတ်ကို ၀ိုင်းရိုက်ဖျက်လိုက်တယ်
အိမ်မက်တွေ တမွမွကျေ
အိမ်ပျက်ဟာ တစစပျောက်
အဲဒီနောက်...
ဟောဒီ သစ္စာသချိုင်းကုန်းထဲ
မေတ္တာမြင်ရိုင်း ဒုန်းစိုင်းဝင်လာတယ်
မြင်းပေါ်မှာ ဘယ်သူမှ ပါမလာခဲ့ဘူး

အချစ်ဟာ
ဆေးစက်နဲ့ ဖွဲ့ ဆင်ထားတဲ့ မျဉ်းတကြောင်းဆိုရင်
ဘေးထွက်ပဲ့စင်ကျခဲ့တဲ့ ဆေးမှုန်ဆေးစတွေဟာ
ငါတို့ ပဲ။ ။

သုအိုင်စံ
၂၀၀၈

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ