((( သုသာန်အလယ်ခေါင်က ရုပ်နာမ် နှစ်ကောင်အက )))

((( သုသာန်အလယ်ခေါင်က ရုပ်နာမ် နှစ်ကောင်အက )))

မြောက်အရပ်က
ထောင့်တစ်ညခရီးသွားတွေ ဝင်လာတယ်
အနောက်အရပ်က
နောက်ကျခရီးသွားတွေ ဝင်လာတယ်
အရှေ့အရပ်က
အလေ့ကျခရီးသွားတွေ ဝင်လာတယ်
တောင်အရပ်က
အတောင်ခပ်ခရီးသွားတွေ ဝင်လာတယ်
အပေါ်အရပ်က
အဖော်ငတ်ခရီးသွားတွေ ဝင်လာတယ်
အောက်အရပ်က
အပေါက်ကြပ်ခရီးသွားတွေ ဝင်လာတယ်
ဆယ်မျက်နှာသောဘဝအရပ်က
တကယ်ဖြစ်လာသော ဓမ္မ အဓမ္မတွေ ဝင်လာတယ်

ဤခရီး လှမ်းသလား
ခြေလှမ်းများ ပွက်ပွက်ဆူဆဲပါ
ဤခရီး နီးသလား
ဖဝါးများ မီးသက်သက်ပူဆဲပါ

သေချာတဲ့ အချိန်ဗဟိုပင်မ
နေရာနဲ့အိမ်ခိုဝင်ကြပြီ
ရွာဗဟိုရင်ပြင်စခန်းဆီ
ဇရာအိုပြင်ဆင်နန်းတည်

တွေ့လား
ဗဟိုဆွဲအားဟာ
ပြိုကွဲမသွားဘူး
ဗဟိုအချင်းဟာ
အိုမင်းမသွားဘူး
ဗဟိုမဏ္ဍိုင်ဟာ
ပိုသန်ခိုင်မာလာတယ်

အကျိုးအကြောင်းအားလုံးရဲ့ဆုံရပ်
ဗဟိုရင်ပြင်
အရိုးခေါင်းအားလုံးနဲ့ခုန်ကခိုဝင်စဉ်
သီချင်းတိုင်း ဆိုသီကတဲ့ ရုပ်သဏ္ဍာန်ကို
သချီုင်းကြိုဂီတနဲ့မြှုပ်နှံကာ
ရုပ်နာမ်ဟာ သုသာန်မှာ ဈာပနယိမ်းနဲ့ ထာဝရငြိမ်းပြီ။   ။

သုအိုင်စံ
၁၆.၀၇.၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ