((( ကိုယ်ပိုင်အကြွေး ))) ရန်သူအတွက် လူသတ်ဗုံး နဲ့ မိတ်ဆွေအတွက် ပေါင်မုန့်တုံး၊ ဒီ လမ်းစဉ် ၂ ခုစလုံးကို ငါက တီထွင်ပြီး ချသုံးတယ် စီမံချက် ၂ရပ် စလုံးကိုတော့ ငါ့ ရေတပ်နဲ့ ကြည်းတပ်တို့က ထောက်ပို့ကြတာပေါ့ ငါ ကြဲချလိုက်တဲ့ လူသတ်ဗုံးက မိတ်ဆွေရဲ့ အိမ်ခေါင်မိုးပေါ်ကျပြီး ငါ ကြဲချလိုက်တဲ့ ပေါင်မုန့်တုံးက ရန်သူရဲ့ ပါးစပ်ပေါက်ထဲ ကျသွားတယ် ဘာကမှားပြီး ဘယ်လိုရှင်းရမလဲ ဆိုတာ ငါ သိပ် သိတာပေါ့ ငါ့ အမှားကို ပြင်ဆင်ခွင့်ပေးပါ ကမ္ဘာကြီးကို ငါ သိပ်ချစ်လို့ပါကွာ ကမ္ဘာကြီးက ငါ့ကို နေဖို့နိုင်ငံ ပေးထားတယ်လေ ငါ့ အမှားကို မေ့လျှော့ခွင့်ပေးပါ စစ်ပွဲကြီးကို ငါ သိပ်ချစ်လို့ပါကွာ စစ်ပွဲကြီးက ငါ့ကို ရှင်ဖို့ပိုက်ဆံ ပေးထားတယ်လေ ရန်သူက မိတ်ဆွေ ဖြစ်လာပြီး မိတ်ဆွေက ရန်သူ ဖြစ်လာတဲ့အခါ ဘယ်လိုပြင်ရမလဲ ငါသိတာပေါ့ ဒါပေမဲ့ ဒီကနေ့ခေတ်ဟာ လူတွေက ဗုံးတွေ ဖြစ်လာပြီး ဗုံးတွေက လူတွေ ဖြစ် မလာတဲ့ ခေတ်ပါ အဲဒါကို ဘယ်လို အသစ်ပြင်ဆင်ကြမလဲ ငါ့ ဦးနှောက်က အဆုံးမမြင်အောင်ပဲ နည်း နည်းလှတယ် ငါ့ ဥာဏ်ပညာက အသုံးမဝင်အောင်ပဲ မွဲ မွဲလှတယ် ငါရယ်၊ ငါ့ မိတ်ဆွေတွေနဲ့ ငါ့ ရန်...
Comments
Post a Comment