((( ဒြပ်မဲ့ပုံတူ )))
((( ဒြပ်မဲ့ပုံတူ )))
သံသရာလမ်းက ဝေးသထက်ဝေး...ဝေးကွာနေမယ်
ခန္ဓာစမ်းက သွေးထွက်နှေး...နှေးလာနေတယ်
အလေးထားကိုးစားလျှက်ရည်မှန်းထား
တဲ့ ကိုယ်မှန်ဝါဒလည်း
အားပြတ်ပြီး ပြိုကျပျက်မတတ်မှာတော့
သွေးသားအရိုးများဖွဲ့တည်ယန္တယားရဲ့  ကိုယ်ခန္ဓာကပဲ
အသားဖြတ်ပြီး မျိုချခဲ့ရတာပေါ့
လေအား လျော့ လျော့လာတဲ့ ဘော်လုံးကို ဆက်ကန်ခဲ့တယ်...
ဓမ္မစစ်အမြင်ရဲ့ အယူအဆများနဲ့
အတွေးအခေါ်သောက်ရေချိုဟာ လွင့်ခြောက်သွေ့ပြီး
ပျက်ပြားခွေလဲညွှတ်ကွေးကျိုးလုလု မှာ
ဘဝဖြစ်စဉ်နဲ့ ဆူပွ သွားတဲ့
သွေးဖျော်ဖောက်ရည်ကိုသာ ဖွင့်သောက်၍
ခရီးဆက်သွားနေဆဲဝဋ်ဘေးဆိုး တခုခုစာ
နေအား ဖျော့ ဖျော့လာတဲ့ တွင်းဆုံးကို ဆက်ခုန်ဆင်းတယ်....
လူ့ဘုံနန်းမြတ်ဓမ္မမြေ တရားငတ်တာတောင်---မဖူးပွင့်ပေးနို င်ခဲ့သော
လူကြိုက်များကာအပြုံးချင်းသိုက် ဖွဲ့ထားတဲ့ စေတနာတောရိုင်းပန်းများနဲ့
လူ့စုံကန်းဒသနတွေက နေသားကျလာအောင်---အထူးမကျင့်ပေး နိုင်တဲ့သဘော
လူမိုက်တရားသာ နှလုံးသွင်းပိုက်ထားလျှက် သေချာကျောခိုင်းလှမ်းသွားခဲ့
မြေသား ပျော့ ပျော့လာတဲ့ နွံနုန်းကို ဆက်နင်းခဲ့တယ်...
တချိန်ချိန်ဟာ မစောင့်ခဲ့ပါလည်း
တချိန်ချိန်မှာ ရောက်လျှက်လာမြဲ
သေမင်းရဲ့ ရထားလုံးက
အဆွေအသင်းနဲ့ အများမသုံးရဘူးလေ
တစ်ဖက်သောင်ကမ်းကို ကူးမဲ့သူများဟာ
အနက်ရောင်ပန်းကို ခူးလျှက်ယူသွားပါ
ဒီပန်းဟာ မဟူရာဂြိုလ်မီးတောက် မီးအလင်းလျှံနက်လေ
ဒီလမ်းမှာ လူမသာကို ခရီးရောက်ပြီး အဆင်းမြန်သွက်စေမယ်...
လွန်ရစ်ခဲ့သော
အဲဒီ ဘောင်ထဲက အရှုပ်အထွေးတွေလည်း ရှင်းသွားတဲ့အခါ
ကျွန်ဖြစ်ခဲ့သော
အဲဒီ ထောင်ထဲမှ အလုပ်အကြွေးတွေလည်း ဆင်းသွားတဲ့အခါ
ကျွံနစ်ခဲ့သော
ဟောဒီ အမှောင်ထဲက ခလုပ်ဘေးတွေလည်း ကင်းသွားခဲ့မှာပဲ
တစ်ချက်ပဲ
တစ်ဘဝကြာ အကျင့်စွဲပါလာတဲ့ လူ့သောက်ကျင့်ဆိုးနဲ့
ဒီမှာ ကိုယ့်အရိုးကိုယ် ရှာသလိုလို လာ လာမလုပ်နဲ့၊
ဒီမှာ ကိုယ့်အမျိုးကိုယ် ရှာသလိုလို လာ လာမလုပ်နဲ့၊
လူ့အနှစ်သာရရဲ့ ဥပေက္ခာအရပ်မှာ
အကြောင်းကြာင်းလူလည်း အလောင်းလောင်းအတူပဲ၊
အမျိုးမျိုးဆုလည်း အရိုးရိုးစုပဲ၊ အစစလူလည်း အမျှမျှယူပဲ၊
လူ့အဆိပ်နဲ့လည်း လာ လာမတိုင်းတာ မဆုံးဖြတ်နဲ့၊
လူ့စိတ်နဲ့လည်း လာ လာမနှိုင်းယှဉ် မသုံးသပ်နဲ့
သချိုင်းကုန်းကား
အရင်းအတိုင်း စားပြီး...
အရင်းအတိုင်း လျှော်တယ်
ဖဲရွက်တွေကို ဖော် လှန် လှန်ကြည့်လိုက်တိုင်းလည်း...
လူဖဲဟာ ဘူပဲ လာ လာ ပြန် ပြန် ကျနေအောင်
ဘယ်ကောင်ကလုပ်နေတာလဲ
သံသရာလမ်းက ဝေးသထက်ဝေး...ဝေးကွာနေဆဲ
ခန္ဓာစမ်းက သွေးထွက်နှေး...နှေးလာနေမြဲ
လူထဲကို ဘူဖဲ တစ်ရွက် ဝင်လာခဲ့ သလိုပဲ
လူထဲက ဘူဖဲ တစ်ရွက် ထွက်ခွာသွားမြဲ
တစ်ကောင်တည်း တွဲဖဲမဲ့စွာ၊
မရှောင်ပဲ ရဲရဲထွက်ခွာ၊ အမှောင်ထဲ မဲမဲနက်မှာ၊
ဒါဟာ ငရဲဘုံမဟုတ်ဘူး၊ ဒါဟာ နိဗ္ဗာန်ဘုံမဟုတ်ဘူး၊
ဗလာဗိမ္မာန်ဇုန်လွင်ပြင်မှိုင်းပိ တ်အမှောင်သားထုမှာ
ဗလာစိတ်ဈာန်ပုံသွင်ပြင်လှိုင်း ရိပ်ယောင်ဝါးမှုဟာ
ရှာနေတဲ့ဘုရားလား၊
ရှာဖွေတဲ့တရားလား၊
တအားကုန် ပြေးပြီး ဆောင့်ကန်ပစ်လိုက်တယ်။ ။
သုအိုင်စံ
၂၆-၀၁-၂၀၁၄
သံသရာလမ်းက ဝေးသထက်ဝေး...ဝေးကွာနေမယ်
ခန္ဓာစမ်းက သွေးထွက်နှေး...နှေးလာနေတယ်
အလေးထားကိုးစားလျှက်ရည်မှန်းထား
အားပြတ်ပြီး ပြိုကျပျက်မတတ်မှာတော့
သွေးသားအရိုးများဖွဲ့တည်ယန္တယားရဲ
အသားဖြတ်ပြီး မျိုချခဲ့ရတာပေါ့
လေအား လျော့ လျော့လာတဲ့ ဘော်လုံးကို ဆက်ကန်ခဲ့တယ်...
ဓမ္မစစ်အမြင်ရဲ့ အယူအဆများနဲ့
အတွေးအခေါ်သောက်ရေချိုဟာ လွင့်ခြောက်သွေ့ပြီး
ပျက်ပြားခွေလဲညွှတ်ကွေးကျိုးလုလု
ဘဝဖြစ်စဉ်နဲ့ ဆူပွ သွားတဲ့
သွေးဖျော်ဖောက်ရည်ကိုသာ ဖွင့်သောက်၍
ခရီးဆက်သွားနေဆဲဝဋ်ဘေးဆိုး တခုခုစာ
နေအား ဖျော့ ဖျော့လာတဲ့ တွင်းဆုံးကို ဆက်ခုန်ဆင်းတယ်....
လူ့ဘုံနန်းမြတ်ဓမ္မမြေ တရားငတ်တာတောင်---မဖူးပွင့်ပေးနို
လူကြိုက်များကာအပြုံးချင်းသိုက်
လူ့စုံကန်းဒသနတွေက နေသားကျလာအောင်---အထူးမကျင့်ပေး
လူမိုက်တရားသာ နှလုံးသွင်းပိုက်ထားလျှက် သေချာကျောခိုင်းလှမ်းသွားခဲ့
မြေသား ပျော့ ပျော့လာတဲ့ နွံနုန်းကို ဆက်နင်းခဲ့တယ်...
တချိန်ချိန်ဟာ မစောင့်ခဲ့ပါလည်း
တချိန်ချိန်မှာ ရောက်လျှက်လာမြဲ
သေမင်းရဲ့ ရထားလုံးက
အဆွေအသင်းနဲ့ အများမသုံးရဘူးလေ
တစ်ဖက်သောင်ကမ်းကို ကူးမဲ့သူများဟာ
အနက်ရောင်ပန်းကို ခူးလျှက်ယူသွားပါ
ဒီပန်းဟာ မဟူရာဂြိုလ်မီးတောက် မီးအလင်းလျှံနက်လေ
ဒီလမ်းမှာ လူမသာကို ခရီးရောက်ပြီး အဆင်းမြန်သွက်စေမယ်...
လွန်ရစ်ခဲ့သော
အဲဒီ ဘောင်ထဲက အရှုပ်အထွေးတွေလည်း ရှင်းသွားတဲ့အခါ
ကျွန်ဖြစ်ခဲ့သော
အဲဒီ ထောင်ထဲမှ အလုပ်အကြွေးတွေလည်း ဆင်းသွားတဲ့အခါ
ကျွံနစ်ခဲ့သော
ဟောဒီ အမှောင်ထဲက ခလုပ်ဘေးတွေလည်း ကင်းသွားခဲ့မှာပဲ
တစ်ချက်ပဲ
တစ်ဘဝကြာ အကျင့်စွဲပါလာတဲ့ လူ့သောက်ကျင့်ဆိုးနဲ့
ဒီမှာ ကိုယ့်အရိုးကိုယ် ရှာသလိုလို လာ လာမလုပ်နဲ့၊
ဒီမှာ ကိုယ့်အမျိုးကိုယ် ရှာသလိုလို လာ လာမလုပ်နဲ့၊
လူ့အနှစ်သာရရဲ့ ဥပေက္ခာအရပ်မှာ
အကြောင်းကြာင်းလူလည်း အလောင်းလောင်းအတူပဲ၊
အမျိုးမျိုးဆုလည်း အရိုးရိုးစုပဲ၊ အစစလူလည်း အမျှမျှယူပဲ၊
လူ့အဆိပ်နဲ့လည်း လာ လာမတိုင်းတာ မဆုံးဖြတ်နဲ့၊
လူ့စိတ်နဲ့လည်း လာ လာမနှိုင်းယှဉ် မသုံးသပ်နဲ့
သချိုင်းကုန်းကား
အရင်းအတိုင်း စားပြီး...
အရင်းအတိုင်း လျှော်တယ်
ဖဲရွက်တွေကို ဖော် လှန် လှန်ကြည့်လိုက်တိုင်းလည်း...
လူဖဲဟာ ဘူပဲ လာ လာ ပြန် ပြန် ကျနေအောင်
ဘယ်ကောင်ကလုပ်နေတာလဲ
သံသရာလမ်းက ဝေးသထက်ဝေး...ဝေးကွာနေဆဲ
ခန္ဓာစမ်းက သွေးထွက်နှေး...နှေးလာနေမြဲ
လူထဲကို ဘူဖဲ တစ်ရွက် ဝင်လာခဲ့ သလိုပဲ
လူထဲက ဘူဖဲ တစ်ရွက် ထွက်ခွာသွားမြဲ
တစ်ကောင်တည်း တွဲဖဲမဲ့စွာ၊
မရှောင်ပဲ ရဲရဲထွက်ခွာ၊ အမှောင်ထဲ မဲမဲနက်မှာ၊
ဒါဟာ ငရဲဘုံမဟုတ်ဘူး၊ ဒါဟာ နိဗ္ဗာန်ဘုံမဟုတ်ဘူး၊
ဗလာဗိမ္မာန်ဇုန်လွင်ပြင်မှိုင်းပိ
ဗလာစိတ်ဈာန်ပုံသွင်ပြင်လှိုင်း
ရှာနေတဲ့ဘုရားလား၊
ရှာဖွေတဲ့တရားလား၊
တအားကုန် ပြေးပြီး ဆောင့်ကန်ပစ်လိုက်တယ်။ ။
သုအိုင်စံ
၂၆-၀၁-၂၀၁၄
Comments
Post a Comment