((( ပေါက်ပြဲနေတဲ့အလယ်လမ်း )))

((( ပေါက်ပြဲနေတဲ့အလယ်လမ်း )))

ဘရာဇီးကို သွားနေတာပါ
အခု-ဂျပန်လေဆိပ်မှာ ငွေ ၁၀ပေါင်ကို ကိုင်
တပည့်တော် ဗိုက် အရမ်းဆာ၍ ငိုင်နေပြီ
ဦးတည်လမ်းကြောင်းကို
အင်္ဂလန်သို့-- ပြောင်းရမလား ဘုရား
လေယာဉ်ပျက်လို့
လေထီးထွင်ထားတာလေ
လေ့မကျင့်ဘူးလား...ငါ့သားရာ..
ငွေလဲကောင်တာကို သွားပေါ့...
ခက်ပြီ.. အဲဒါကြောင့် ပြောတာ
ငါ ပြောတာက (ငါ့သားရာ)...လို့
မင်းကြားတာက (ငါ့နွားရာ)...လို့
မှားနေတာ ကြားနေရာပဲ

အမှားကို
မပစ်ရင်လည်း မချစ်ချင်ကြနဲ့
ဘုရားကို
မချစ်ရင်လည်း အပစ်မတင်ကြနဲ့
တံတားအကျိုးဟာ
ဖြတ်သွားလို့မရဘူး ဟဲ့ရောင်
ခါးအကျိုးဟာ
မတ်ထားလို့ မရဘူး ဟဲ့ရောင်
ဘုရားမစွမ်းတဲ့အခါ မအားတဲ့အခါ--
လိုနေတာတလျှောက်မှာ
ခင်ဗျားလှမ်းခဲ့ပါ ခင်ဗျားသွားခဲ့ပါ--
ဟိုနေရာအရောက်သာ
တံတားအကျိုးအား
အားမကိုးသွားဖို့တော့-- လိုအပ်မယ်။   ။
သုနိုင်ငံ
၀၇-၀၁-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ