((( မှန်းချက် လွဲသွားတဲ့၊ နမ်းဖက်+ဆွဲထားချက်လား... ))) ((( နှမ်းထွက် နည်းသွားတဲ့၊ ရမ်းတွက်+လွဲသွားချက်လား... )))
((( မှန်းချက် လွဲသွားတဲ့၊ နမ်းဖက်+ဆွဲထားချက်လား... )))
((( နှမ်းထွက် နည်းသွားတဲ့၊ ရမ်းတွက်+လွဲသွားချက်လား... )))
အမိအဖမြေနိုင်ငံတော်ဘဝရဲ့ ဆင်းရဲတွင်းနက်နက်ထဲသို့
ထိုလူတို့ရဲ့ ဒီဘဝမှာ ဗိုက်ရမ်းကားတွေ ကောက်ချီပြီး သွားသွားနေတဲ့
ဖောင်းကားကားနဲ့ ကြီးမားခန္ဒာကိုယ် ယိုင်ယိုင်တခုဟာ
အသိမျှဝေ တိုင်ပင်ခံဖော် မရတဲ့ မဆင်းရဲခဲ့ခြင်းသက်သက်ပဲမို့
ထိုသူတို့ရဲ့ ပြည်ပမှာ တိုက်တန်းလျှားတွေ ဆောက်တည်ပြီး ငှားစားနေတဲ့
ကောင်းစားသွားတဲ့ ကြီးပွားဘဏ္ဍာကို ပိုင်ဆိုင်မှုဟာ
သစ်ပင်ခုတ်လှဲ ကြေးနီတူးဆွ ဓါတ်ငွေ့ဖော်စုတ် ရေနံခပ်ထုတ်
သူ့တို့ကိုယ်သူတို့သာ ချမ်းသာအောင် လုပ်ပြီး
မွဲတေဆင်းရဲပူလောင်နေတဲ့ တိုင်းပြည်ကြီးအား
စားပြီးသောက်ကာ မျက်နှာလွှဲပြီး ခဲပစ်သွားသလို၊
ငွေကို ပြည်ပမှာ သိမ်းထား၊ လူက ပြည်တွင်းမှာ နေထိုင်၊
အစိုးရဟာ ပြည်သူပိုင်များဟု ဖျက် သိမ်းမရရေး အတွက်
သူခိုးသမဂ္ဂဟာ လူညီနိုင်ထားမှုနဲ့ ယိမ်းအကလေး ဖွဲ့စည်းလျှက်
နိုင်ငံကို ဖျက်ဆီးတဲ့ ပုံရိပ်လွှာကို အပြောင်အစင် ဖျက်ကာ၊
ပြိုင်စံသလို အထက်စီးနဲ့ ဂုဏ်သိက္ခာကို အရောင်တင်လက်ကာ
လက်ရှိ-ဘယ်အနိုင်ရပါတီတခုရဲ့ သက်တမ်းမှာ-မဆို-လမ်းပြသွားဟန်နဲ့ 
ကွက်တိ-ကယ်နိုင်ရပါမည်ဟု မက်ငမ်းစရာ-ကို ဗန်းပြထားပြန်တဲ့
တာဝန်ယူထားသည့် နေရာတကာထံမှ အစိုးရအာဏာပိုင်တို့အား
သဒ္ဒါလွန်သူများ၏ စေတနာပါ-ဟန်ပြ၊ အကျိုးပြအညှာကိုင်လို့ထား၊
လောဘလည်ပင်းနင်နေတဲ့ မကောင်းဆိုးဝါးများရဲ့ ဓါးပြအတိတ်ရာဇဝင်နဲ့
သောကကင်းစင်နေတဲ့ အကောင်းအကျိုးများတဲ့ ဓမ္မအရိပ်လာဝင်ခဲ့ရာ
ပြည်ပျက်နိုင်ငံဘဏ္ဍာဟာ သုံးစွဲငွေဘတ်ဂျက် မရှိတော့
အမှီအတွက် အကိုင်ခံကာ အပြုံးအမြဲဝေ ခယခဲ့မိပေါ့
မိစ္ဆာလို အတ္တအလိုကိုသာ ခေါင်းစဉ် အတင်းတင်တဲ့ စိတ်တွေနဲ့၊
ပြည်ဖဲ့ရောင်းစားတဲ့ လိုဘတက် မဟားဒယားနဲ့ ယုတ်ဆိုးသူများကို
ဝိဇ္ဇာလို ခယကြိုဆိုကာ မပေါင်းချင် မသင်းချင်နဲ့ မိတ်ဆွေဖွဲ့၊
အတည်နဲ့ ပေါင်းထားတဲ့ လိုအပ်ချက်များများနဲ့ အုပ်စိုးသူများလို
ပြည်သူလူထုပရမ်းပတာဘဝပျက်တန်းစား မထောက်ခံမှာကို တွေးဆနေရ
ခရိုနီလူစုချမ်းသာဘဝအထက်တန်းစား မကြောက်ပြန်မှာကို ပြေးကပ်နေရ
တိုင်းပြည်အကျိုး ထမ်းပိုးစွမ်းဆောင်တာ မုန်တိုင်းချီခဲ့တဲ့မိုးကြိုးကို နမ်းရသလိုပ
ရုပ်သေးရုပ်သမ္မတကလည်း၊ အလုပ်လေး လုပ်မပြနိုင်တာ အပြစ်ဆို မရပေ
ယခုအခါမှာ-သူ့ခမျာဟာ-မိန့်ခွန့်ေ လးတောင် စိတ်ပါလက်ပါ ခြွေခွင့် မရပေ
ချစ်တတ်တဲ့ အမေ လုပ်နိုင်ပေသည်.. စစ်တပ်နဲ့ အသေ ချုပ်ကိုင်နေသည်
အို-အစိုးရကောင်းအသစ်နဲ့ မြန်မာပြည်+ စစ်တပ်ဟောင်းအကျင့်နဲ့ မြန်မာပြည်
------------------------------ ------------------------------
တကယ့်တကယ် အဖြစ်အမှန် အခြေအနေမှန်-မှာတော့
နိုင်ငံ့သယံဇာတတွေအား လည်ပင်းနင်းပြီး+ရောင်း+ရောင်းကာ-ရခဲ့လို့
ဒေါ်လာငွေ တသန်းကို မှန်မှန်လေး ချုပ်စားကာလေ
နိုင်ငံ့ဘဏ္ဍာငွေ ရှားပါး+ဟင်းလင်းကြီး+ဟောင်းလော င်း+ဗလာဘဝနဲ့မို့
မြန်မာငွေ တသန်းကို ပြန်အန်ကျွေးထုတ်သွားတာလေ
အစိုးရက အကျိုး-လို+ရည်-လျှက် အတည်နဲ့ အောင့်နမ်းနေတဲ့
သူခိုးဓါးပြ ငဆိုးခရိုနီ နဲ့ ပြည်ဖျက်တဇောက်ကန်းတွေ-မဟုတ်လား ..မေမေရ
မေမေက သိပ်တတ်တယ်-အခြေအနေ သိပ်မလှတယ်
တကယ်...တကယ်...တကယ်။ ။
သုအိုင်စံ
၁၃-၁၂-၂၀၁၆
Comments
Post a Comment