((( ကာရန်အသုံးမှားခဲ့သော ကမ္ဘာရန်ကလုန်းများ )))

((( ကာရန်အသုံးမှားခဲ့သော ကမ္ဘာရန်ကလုန်းများ )))

သမီးများ
ခရီးသွားကြသည်

ပြန်လှည့်လာတဲ့အခါ
အရံအဖွဲ့ပါလာတယ်

ကလေးတစ်သိုက်
ထွေးပိုက်စိုက်ပျိုး
မုဆိုးမလေးရဲ့အနမ်း
အဖအိုကို လန်းစေသလား
ဘဝချိုကို ပန်းစေသလား
အဖြေမဲ့အမေးများ တင်ကျန်ခဲ့တယ်
အဖေမဲ့ခလေးများ ရှင်သန်ခဲ့တယ်

အကြောင်းမူကား
ဖခင်လူယောက်ျားသည်
အစတွင် သူ ပျောက်သွားပြီ
ဤသုတ်ပိုးအား
ဖြေထုတ်မျိုးကူးပွား
အထူးလူသားတွေဖြစ်လာ

ဖေဖေရဲ့မေတ္တာလက်ဆောင်မဲ့ အဆိုး
ရေရှည်တဲ့အပြစ်အနာနဲ့ တစ်ကောင်ကြွက်မျိုး
ကလုန်းမျိုးဆက်လူသားအာလုံးဟာ
အမုန်းအငြိုးအမျက်အားလုံးကို
အပြုံးတန်ခိုးနဲ့ ဖုံးလျှိုးကာရံယူထားလျှက်
ရိုးရိုးသာမန်လူသားရဲ့ပုံအသွင်တူစိတ်နဲ့
ရန်သူ့နှလုံးသားထည့်သုံးထားတဲ့ မိတ်ဆွေလား
ဒီအဆိပ်အားထွင်ရန် ကြိုးကြိုးပမ်းပမ်းဆရာခံသူကား..
ရိုးရိုးတမ်းတမ်းသာမန်လူသားပဲတဲ့ဗျာ

(အဆိပ်တမင်ရှာချင်တဲ့ သိပ္ပံပညာရှင်များခင်ဗျာ...)
ဒါဟာ...
သင်တို့...ဆိုးဆိုးသွမ်းသွမ်းကာရန်ယူမှားတွဲခဲ့တဲ့
ကဗျာပျက်ဆိုး
ကမ္ဘာကို ဖျက်ချိုးတော့မဲ့ လူ့ကလုန်းကောင်တွေ။ ။

သုအိုင်စံ
၂၇-၁၂-၂၀၁၂

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ