((( ဘုရားသခင်နဲ့ စကြဝဠာ )))

((( ဘုရားသခင်နဲ့ စကြဝဠာ )))

သင်ကငါ့အား ကစားသလို ငါကသင့်အား ကစား
ကြိုးစားထိန်းချုပ် ဖမ်းဆုပ် ချုပ်နှောင် ထည့်လှောင်
သေအောင်/ ရှင်အောင်/ ဖြစ်အောင်/ ပျက်အောင်
မြုပ်အောင်/ ပေါ်အောင်/ လာအောင်/ သွားအောင်
မှားအောင်/ မှန်အောင်/ လန်းအောင်/ နွမ်းအောင်
ဥာဏ်နီ ဥာဏ်စုတ်နဲ့ အစွမ်းပြ ဖော်ဆောင်ခဲ့တာ
အကြံညှီ အကြံယုတ်နဲ့ လမ်းပြခေါ်ဆောင်ခဲ့တာ
ငါနဲ့သင် အောင်မြင်ခဲ့လား သင်နဲ့ငါ ကျဆုံးခဲ့လား
သင်နဲ့ငါ၊ သင်ရောငါပါ၊ သင်နှင့်အတူငါ၊ တပြန်စီပဲ
အပြန်အလှန် သရေဖြစ်နေကြတဲ့ ဒီသံသရာထဲမှာ
သင်ဟာ စကြဝဠာ-လို့ သွေးနားထင်ဆိုက်ရင်တော့
ငါဟာ ဘုရားသခင်ကွ-လို့ ဈေးတင်လိုက်ချင်တာပေါ့
တရားနှလုံးရဲ့ဒသနကို နားလည်တယ် မဟုတ်လား
စားသုံးတဲ့ဘဝဟာ ကြိုးကြိုးစားစား ဖွဲ့စည်းလာလည်း
အားလုံးရဲ့အလှဟာ ရိုးရိုးသားသား ပျက်စီးတာပဲ
အမှားဆုံးနဲ့ဓမ္မဗလာ ဆိုးဆိုးဝါးဝါး လက်နှီးပါပဲ
အမှားဒိဌိငရဲဟာ အစဉ်ထာဝရ ဆိုးမိုက်သလားကွာ
တရားစိတ်၏ အထဲမှာ အကြင်နာက ပိုးလှိုက်စားလာ
သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ ဒသနတရား ဆိုလားပဲ
သင်နဲ့ငါရဲ့ အသဲနှလုံးထဲ ဝဲလိုစွဲနေ စောက်ကျင့်တရား

သုအိုင်စံ
၂၀၁၄--၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ