((( ဗလာအလင်း )))

((( ဗလာအလင်း )))

အဆက်ပြတ်နေလို့
ကွက်လပ်ဖြစ်နေတာပေါ့ကွ။

အဲဒီထဲမှာ
မင်းကငါ့ကိုဘာရေးစေချင်လို့ လဲ
အဲဒီထဲမှာ
မင်းကဘာဝင်ရေးချင်လို့ လဲ
ဒီအတိုင်းပစ်ထားလို့  ကောမရဘူးလား...အမှားအရှင်?

ပုလင်းထဲမှာ
မင်းရေးထားတဲ့ အမှားဒေသနာ
ငါဘယ်လိုမှ ဖတ်လို့ မရဘူးကွာ
ဒါမှမဟုတ်
ငါဘယ်လိုမှ ဖတ်မတတ်ဘူးကွာ
ဒါမှမဟုတ်
ဘယ်နည်းနဲ့ မှ ငါမဖတ်ချင်ဘူး တရားသဘင်...ဆိုတာကို။

အမှောင်နက်နက်ထဲမှာ
အနှောင်အဖွဲ့ မဲ့စွာ
တကောင်ကြွက်ဘွဲ့ နဲ့ ငါ
မဲမှောင်လင်းလက်စွာ ရှင်သန်ပါရစေတော့...ဘုရားသခင်။ ။

သုအိုင်စံ
၁၇-၁၀-၂၀၁၀

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))