((( ရင်ထဲကဘုရားတော်လဲသွားချိန်)))

((( ရင်ထဲကဘုရားတော်လဲသွားချိန်)))

ယဉ်ကျေးတယ်လို့ ထင်ကြည့်လိုက်တယ်
ယဉ်ကျေးသူတွေဟာ ဘာသာတရားကိုးကွယ်တယ်

ကိုးကွယ်ရာ ဘာသာတရား ဆိုတာ
ယဉ်ကျေးသူတို့ရဲ့ စိတ်ပြုရောဂါပါ

ဘာသာတရားရဲ့ သူ့ခေါင်းဆောင်ဟာ
မဟာဘုရားနဲ့ သူ့ကျောင်းဆောင်ပါ
သူ့နေပြည်တော်ဝယ် သူ့စေတီတော်တည်
သူ့ကိုးကွယ်မှုနဲ့ သူ့တရားထူးနဲ့ ကျင့်စဉ်ထဲ
သူ့မျိုးနွယ်စုနဲ့ သူ့ဘုရားဖူးနဲ့ နှစ်စဉ်အမြဲ

ငါ့ရင်ထဲမှာလည်း ဘုရားတပါးဆောက်တည်ကာ
ဘဝရှင်ဆဲမှာပဲ တရားများကောက်သီလာ
ငါ့ သွေးခေါ်ရာ ငါ့ရင်ထဲ ငါ ဘုရားဖူး ရောက်လာ
ငါ့ အတွေးအခေါ်ဟာ ငါအမြင်ထဲ ငါ တရားထူး လျှောက်ရှာ
ငါ့ကိုယ်ငါ တွေ့ခဲ့ရတယ် ဘုရားအဖြစ်နဲ့
ငါ့ကိုယ်ငါ မေ့ခဲ့ရတယ် အမှားအစစ်နဲ့
ထားပစ်ထွက်လာ

နှစ်စဉ်နှစ်တိုင်း ငါ ပြန် ပြန် ရောက်လာတယ်
ကျင့်စဉ်စစ်အတိုင်း ငါ မှန်မှန် လျှောက်ရှာတယ်
ဓမ္မတရားအထင်နဲ့ ငါ့သစ္စာကို ငါ ရှိခိုးမိခဲ့ အခါခါ
ဘဝအမှားမြင်လျှက် ငါ့ မျက်နှာကို ငါ ပစ် ချိုးမိခဲ့ အခါခါ
ငါ့ရင်ထဲမှာ ငါနဲ့ ငါ့ဘာသာရေးနဲ့
ငါ့အထင်ထဲမှာ ငါနဲ့ ငါ့ကမ္ဘာသွေးပျက်

ငါ့ဘဝသေပြီကွာ အရင်းအတိုင်း ပစ်ထားခဲ့ရ
ငါ့ဓမ္မစေတီဟာ သချိုင်းမှတ်တိုင် ဖြစ်သွားခဲ့ရ
နောက်ဆုံးတခေါက်မှာ
ငါ့ဘာသာရေးကို ဖျက်သုန်းဖျောက်ခဲ့တဲ့ မရဏကျမ်းစာ
နှလုံးသားမှာ ပြာ ဘာသာနဲ့ ရေးသားထွင်းသွားတယ်။   ။

သုအိုင်စံ
၃၀-၀၈-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ