((( အိမ်အမှတ် ၅၄ ရဲ့ ပြတိုက်ထဲ- တချိန်က ဘဝနဲ့ရေးတဲ့-တိုက်ပွဲ။ မြန်မာစာနဲ့ရေးထားတဲ့ ဒီကဗျာ-မြန်မာတွေ မဖတ်တတ်ပါ- )))

((( အိမ်အမှတ် ၅၄ ရဲ့ ပြတိုက်ထဲ- တချိန်က ဘဝနဲ့ရေးတဲ့-တိုက်ပွဲ။
မြန်မာစာနဲ့ရေးထားတဲ့ ဒီကဗျာ-မြန်မာတွေ မဖတ်တတ်ပါ- )))

သေနတ်မိုးထားခဲ့ပါ-လို့
ဘဝဆိုးဝါးခဲ့တာ-လို့-
ကိုယ့်စောက်ကျင့်ကို သူ့စောက်ပြစ်လို့-ရောချသလို
စစ်သခင်မိုက်ကို အပြစ်တင်လိုက်လို့ မရတော့ဘူး...
ကိုယ်သွားဖို့ တံတားလေး ကိုယ့်ခါး ခင်းပေးထားတယ်
ကိုယ့်နံရိုးများကျိုးရင် ကိုယ့်တန်ဖိုးအားနဲ့ ကျပ်ထိုးပြီး ကုသလိုက်စို့
အရင်လို-စစ်သခင်မိုက်ကို အပြစ်တင်လိုက်လို့ မရတော့ဘူး...
အလံအား အလေးပြုတဲ့ လက်ဖဝါးဟာ အလံ ဖြစ်လာတဲ့အခါ
လေ-မလွင့်ပါနဲ့- ကြွေ-လွင့်မခါနဲ့- အောက်သက်ကျေရန်-
စောက်ကျက်သရေမဆန်တဲ့ ဓလေ့စရိုက်တွေ မေ့လိုက်လေ
ခေတ်ဟောင်းကလို-စစ်သခင်မိုက်ကို အပြစ်တင်လိုက်လို့ မရတော့ဘူး..
အစေခံတွေ စောင်ကြပ်တဲ့ လူကြီးလမ်းကြောင်းတွေဟာ ပျက်သွားပြီ
အခြေခံတွေလျှောက်ကြတဲ့ အတူခရီးလမ်းကောင်းမြေမှာ ဆက်သွားမည်
အကျင့်မှန်နဲ့ ပြိုင်ကာလက်တွဲလုပ်သော တည်ထောင်မှုနှင့် စမယ်ဗျာ
စစ်မှန်တဲ့ ခိုင်မာဆက်မြဲမပြုတ်သော ပြည်ထောင်စုသစ် ရမယ်ကွာ
စစ်တပ်တွေကို အပြစ်ချနေလို့ မရတော့ဘူး...ခေတ်မရှိတော့ဘူး
သူပုန်တွေကို အပြစ်ပုံနေလို့ မရတော့ဘူး... စစ်မရှိတော့ဘူး
ကိုယ့်သားဆေးစွဲတာ သူ့ဘော်ဒါကြောင့်ပါ-ဆိုတာ-.အပြစ်မရှိတော့ဘူး
ဟောဒီ- နွားသိုးရမ်းဝှေ့-သူခိုးလမ်းတွေ့-ဒီမိုကရေစီ-ဆိုတာ-
လှေစီးလျှက် ဇိမ်နဲ့ သွားရန် ဘယ်သူမှ အဆင်သင့် မရှိကြသေးတဲ့မြစ်ပါ-
ရေစီးရဲ့အတိမ်အနက်အားအမှန်ဘယ်သူမှ အမြင်သစ်မသိသေးရတဲ့ခေတ်မှာ
ကူးပါ ကိုယ့်အနာဂတ်ကမ်းအရောက်- လှမ်းပါ ကိုယ့်ဘဝလမ်းအပေါက်
ခြေနဲ့လည်းခတ်ကူးကြ လက်နဲ့လည်းယက်ကူးကြ ခေါင်းနဲ့လည်းမော့ကူးကြ
တဘက်ကမ်းရောက်ရင်- ခဏနား-တထောက်နားမယ်-ဆိုတဲ့
ငပျင်းရောဂါအိုဓလေ့ထုံးတမ်းတို့အား-ဖျက်ဆီးဖျောက်ဖျက်ပါ
တသက်လှမ်းလျှောက်နှင်- ထပ်သွားမယ်-လျှောက်သွားမယ်-ဆိုတဲ့
အလင်းမျောပါသလို- ရှေ့ဆုံးလှမ်းလို့သွား-ဆက်ပြီးလျှောက်ထွက်ပါ
စစ်အာဏာကျွန်ဘဝတွင်မို့လို့ အပြစ်အရာရာသွန်ချချင်လို့ မရတော့ဘူး
ကိုယ်ထူထားတဲ့ ကိုယ့်အရပ်အမောင်းကို ကိုယ်တိုင် မြတ်နိုးရင်း ချစ်ပါ
ကိုယ်လူသားရဲ့ ကိုယ့်ဘဝအကြောင်းကို ကိုယ်တိုင် ချပျိုးရင်း အစစ်ရှာ
သူ့အရိပ် မိုးအုပ်ထားလို့ လူ့စိတ် ငြိုးကုတ်သွားတဲ့ အဆိပ်ပင် သေပြီပဲ

အဲဒီလို အစဉ်စဉ် အဆွဆွ အတူးခံရတဲ့ အတွေးအခေါ်က ထအော်တယ်
တော်ပါတော့ဗျာ-စောက်အဖွားကြီးဟာ-စောက်နားညီးပါ-သတဲ့-

ဒီလိုနဲ့ ဒီလှေခရီးလမ်း ရေခရီးကြမ်းမှာ ဒီဘုန်းကြီးရူးတွေ စောက်ပြသနာရှာ
ပြည်နယ်နဲ့ တိုင်းအားလုံးမှာ-တော်လဲကာ ပင်လယ်မှောက်ခဲ့တာ ပုံဂံငိုသလိုပဲ
အသူရကယ်ဝဋ်ထဲတွင်မျောပါလို့သာ-လူကယ်လို့ မကျွတ်မြဲချင်သော-ငါတို့ဟာ
အရင်က-အတိတ်တုန်း-ဟို-တခါကပါ-လူအများဆုံးကို
နွံတာလို့ တော့ တော့ပြီး ကန်ခံခဲ့-ကြင်နာခဲ့- ထို-မိန်းမသားပျိုငယ်နုစဉ်ကပါ
အခုတော့-စိတ်နှလုံးကို-ခဝါချကာ-လူအားလုံးကို
ရွံရှာလို့ အော့ အော့ပြီး ပြန်အန်ထွက်-ရင်နာခဲ့-ထို-အငြိမ်းစားနိုဗယ်ဆုရှင်ဘဝမှာ
တယောက်ယောက်က ရေးပြီး ဒီနံရံမှာ-ကပ်ထားတဲ့ ဒီ-မြန်မာကဗျာ
ဒီ-မြန်မာတွေ တယောက်မှ မဖတ်တတ်ဘူး။ ။

သုအိုင်စံ
၀၈-၁၂-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))