((( နိဗ္ဗာန်ယာဉ် )))
((( နိဗ္ဗာန်ယာဉ် )))
မဖွင့်ရသေးတဲ့အခေါင်းကို
မသေသေးတဲ့ အလောင်းထဲ ထည့်ကာ
ဝင်လာတာလား/ ထွက်သွားတာလား
အခေါင်းအသစ်ဟာ
အတိတ်နယ်ဗလာ၏ ပုံရိပ်လွှာ ဖြစ်နေတယ်
အလောင်းအစစ်ဟာ
အဆိပ်ပြယ်မသာ၏ ဂုဏ်သိက္ခာ ဖြစ်နေတယ်
အကြောင်းအစစ်ဟာ
အဓိပ္ပါယ်မဟာ၏ ဘုံရိပ်သာ ဖြစ်နေတယ်
သေသွားတဲ့အလောင်းကို
ဖွင့်ထားအခေါင်းထဲ ထည့်ကာ
ထွက်သွားတာလား / ဝင်လာတာလား
ဇတ်လမ်းဟာ ဖြတ်သန်းသွားတယ်
သုသာန်ပန်းတွေ-ညှီလို့ ...မြှုပ်နှံနန်း-မြေဆီသို့.။ ။
သုအိုင်စံ
၂၃-၁၀-၂၀၁၆
Comments
Post a Comment