((( ဘုရားမဟုတ်သူများ )))

((( ဘုရားမဟုတ်သူများ )))

(ဇတ်လမ်းအစ)
လူဆိုတာ ထွက်ပြေးရတယ်
ကိုယ့်ထံက ကိုယ်ထွက်ပြေးရတယ်
ဒါကြောင့်
ဆယ်ကျော်သက်မှာ
နယ်ကျော်ထွက်ခွာခဲ့တာပေါ့

(ဇတ်လမ်းအလယ်)
လူဆိုတာ စိုက်ပျိုးရတယ်
ကိုယ့်ခြေထောက် ကိုယ်စိုက်ရတယ်
ဒါကြောင့်---ရုန်းရင်းကန်ရင်း
အနိုင်အရှုံးတွေကို
ထိုင်ဖြုန်းခဲ့တာပေါ့
ဒါကြောင့်---လုပ်ရင်းကိုင်ရင်း
အရှုံးအနိုင်တွေကို
လုံးကိုင်ခဲ့တာပေါ့

(ဇတ်လမ်းအဆုံး)
လူဆိုတာ ပြီးဆုံးရယ်
ကိုယ့်အလောင်း သူများအပ်ရတယ်
ဒါကြောင့်
အရိုးချွေရန်
အမျိုးတွေထံပြန်ခဲ့တာပေါ့

ရွာစွန်အုပ်ဂူပေါ်ကစာလုံး
သက္ကရာဇ်ရေညှိတွေဖုံးလွှမ်း
ဖတ်မရတော့တဲ့ရဟန်းဘွဲ့နာမ
ဂေါတမ မဟုတ်ခဲ့တာ
ဒီစကြာဝဌာမှာ
သူသူကိုယ်ကိုယ်ပေါ့ကွာ။   ။

သုအိုင်စံ
၀၄-၀၉-၂၀၁၆

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))