((( ထာဝစဉ်ဆွေး )))
((( ထာဝစဉ်ဆွေး )))
ငါ့ကို ရေးတဲ့ ပန်းချီဆရာ
ဘယ်လိုပုံ ဘယ်လိုပါပဲ လို့
အပွင့်ဟာ အမြစ်ကို သိပ်တွေ့ချင်နေတာ။
ငါရေးလိုက်တဲ့ ပန်ချီကား
ဘယ်အရောင် ဘာအဆင်းလဲ လို့
အမြစ်ဟာ အပွင့်ကို သိပ်တွေ့ချင်နေတာ။
တခါမှ မဆုံဖူးပေမဲ့ တသက်လုံး မမေ့တဲ့
သံယောစဉ် မျိုးနွယ်ဆက် ယန္တယားက
သစ်ပင်ရဲ့သွေးထဲ လှည့်ပတ်စီးနေ အမြဲ။
အပွင့်ဟာ ကောင်းကင်ဘုံကို
ပြုံးပြပြီး ချစ်ကြိုက်ခဲ့ရတယ်လေ
အပွင့်ကြွေသွားတာကို အမြစ် မသိလိုက်ဘူး။
အမြစ်ဟာ ငရဲဘုံကို
လုံးသတ်ပြီး စစ်တိုက်ခဲ့ရတယ်လေ
အမြစ်သေသွားတာကို အပွင့် မသိလိုက်ဘူး။
ကျိန်စာဟာ မကုန်တဲ့ အဆိပ်စမ်းရေပဲ
တချိန်မှာ မဆုံမဲ့ စိတ်အလွမ်းတွေလည်း
မြေမှာဆွေးမြေ့
သစ်စေ့တွေ အပင် ပြန် ပြန် ဖြစ်လာ
သစ်ပင်ဟာ ကြေကွဲဇတ်ကို ပြန် ပြန် တင်ဆက်တာပဲ။
မျက်လုံးနောက်က အလှကိုမှ
မျက်လုံးက မြင်ချင်လှပါသတဲ့
ကမ္ဘာ အဆက်ဆက် ကန်းခဲ့တဲ့ အလင်းအား
မတော်တဆ ဖြစ်တည်မှု ပဓာန အရေးအသားနဲ့
ချစ်ကြည်မှု ထာဝရ ဆွေးသွားတဲ့ သဘာဝကဗျာတွင်
သစ်ပင်ရဲ့ ကျင့်စဉ်ဟာ
အကိုင်းနဲ့လည်း ဝေးခဲ့တယ် အမြစ်နဲ့လည်း ဝေးခဲ့တယ်
တယောငိုရှိုက်တဲ့သံစဉ်တွေ သက်သက်။ ။
သုအိုင်စံ
၀၄၊၀၄၊၂၀၁၄
ငါ့ကို ရေးတဲ့ ပန်းချီဆရာ
ဘယ်လိုပုံ ဘယ်လိုပါပဲ လို့
အပွင့်ဟာ အမြစ်ကို သိပ်တွေ့ချင်နေတာ။
ငါရေးလိုက်တဲ့ ပန်ချီကား
ဘယ်အရောင် ဘာအဆင်းလဲ လို့
အမြစ်ဟာ အပွင့်ကို သိပ်တွေ့ချင်နေတာ။
တခါမှ မဆုံဖူးပေမဲ့ တသက်လုံး မမေ့တဲ့
သံယောစဉ် မျိုးနွယ်ဆက် ယန္တယားက
သစ်ပင်ရဲ့သွေးထဲ လှည့်ပတ်စီးနေ အမြဲ။
အပွင့်ဟာ ကောင်းကင်ဘုံကို
ပြုံးပြပြီး ချစ်ကြိုက်ခဲ့ရတယ်လေ
အပွင့်ကြွေသွားတာကို အမြစ် မသိလိုက်ဘူး။
အမြစ်ဟာ ငရဲဘုံကို
လုံးသတ်ပြီး စစ်တိုက်ခဲ့ရတယ်လေ
အမြစ်သေသွားတာကို အပွင့် မသိလိုက်ဘူး။
ကျိန်စာဟာ မကုန်တဲ့ အဆိပ်စမ်းရေပဲ
တချိန်မှာ မဆုံမဲ့ စိတ်အလွမ်းတွေလည်း
မြေမှာဆွေးမြေ့
သစ်စေ့တွေ အပင် ပြန် ပြန် ဖြစ်လာ
သစ်ပင်ဟာ ကြေကွဲဇတ်ကို ပြန် ပြန် တင်ဆက်တာပဲ။
မျက်လုံးနောက်က အလှကိုမှ
မျက်လုံးက မြင်ချင်လှပါသတဲ့
ကမ္ဘာ အဆက်ဆက် ကန်းခဲ့တဲ့ အလင်းအား
မတော်တဆ ဖြစ်တည်မှု ပဓာန အရေးအသားနဲ့
ချစ်ကြည်မှု ထာဝရ ဆွေးသွားတဲ့ သဘာဝကဗျာတွင်
သစ်ပင်ရဲ့ ကျင့်စဉ်ဟာ
အကိုင်းနဲ့လည်း ဝေးခဲ့တယ် အမြစ်နဲ့လည်း ဝေးခဲ့တယ်
တယောငိုရှိုက်တဲ့သံစဉ်တွေ သက်သက်။ ။
သုအိုင်စံ
၀၄၊၀၄၊၂၀၁၄
Comments
Post a Comment