((( လူ့မီးပွိုင့် )))

((( လူ့မီးပွိုင့် )))

တစ်ယောက်ကို မီးနီ ပြပေးလိုက်တာဟာ
တစ်ယောက်ကို မီးစိမ်းပြပေးလိုက်တာပဲပေါ့
ဒါလည်းပဲ
သချိုင်းကုန်းထဲမှာ ကားတိုက်မှု ဖြစ်တုန်းပဲ

မီးဝါဆိုတဲ့ ဘာသာတရားဟာ
တမင် ဘဝကူးကောင်းအောင် လုပ်ထားတာ
တကယ်က မရှိဘူး၊ အသုံးမဝင်ဘူး

ဦးနှောက်တစ်ခုလုံးမှာ
အလွတ်ရအောင် ကျက်ထားတဲ့ အပိုတွေ
ဘယ်နှခန်းစာပါလဲ။ ။

သုအိုင်စံ
၀၈-၀၃-၂၀၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))