((( မြေးအဖိုးနှစ်ယောက် လမ်းလျှောက်နေတယ် )))

((( မြေးအဖိုးနှစ်ယောက် လမ်းလျှောက်နေတယ် )))

ပေါ့ပေါ့ပါးပါး ဆော့ကစကားနေတဲ့
ကလေးငယ်က ရုတ်တရက် ထအော်တယ်
"ဘိုးဘိုး ဗိုက်ဆာပြီ" တဲ့။

လေးလေးနက်နက် အတွေးချဲ့နေတဲ့
အဖိုးအိုက အလန့်တကြား ဖြေတယ်
"အေး...သွားမယ်"တဲ့။

မြေးအဖိုး နှစ်ယောက်
ပေါင်မုန့် ခြောက်ဆိုင်လေးဆီ လျှောက်လာခဲ့တယ်။

ကလေးတစ်ယောက်ရဲ့ အစာအိမ်အတွက်
လောလောဆယ် လိုနေတာ ကစားစရာ မဟုတ်ဘူး
လူကြီးတစ်ယောက်ရဲ့ ဦးနှောက်အတွက်
လောလောဆယ် လိုနေတာ အတွေးအခေါ်မဟုတ်ဘူး
ဒီ လူသား ၂ ယောက်ရဲ့ ဖြစ်တည်မှုအတွက်
လောလောဆယ် လိုနေတာ ပေါင်မုန့်ခြောက်ဖြစ်နေတယ်။

လမ်းတလျှောက်လုံး ဘယ်ပေါင်မုန့် ခြောက်ဆိုင်မှ မဖွင့်တော့
ခြေလှမ်းတွေဟာ ဆာလောင်စွာ ဆက်လျှောက်နေခဲ့တယ်
တွေ့လေနိုးနိုးရယ် လူ့ဘဝအဓိပ္ပါယ်တရားတစ်ခု။  ။

သုအိုင်စံ
၁၄-၁၂-၂၀၁၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))