((( မြန်မာဟိုက္ကု-၁၅၀၀ ))) Get link Facebook X Pinterest Email Other Apps December 27, 2017 ((( မြန်မာဟိုက္ကု-၁၅၀၀ ))) - ချစ်လွန်းလာခဲ့သမျှဟာ ဖြစ်ထွန်းလာခဲ့ကြတာ ညစ်တွန်းကဗျာပျက်တစသာ။ ။ - သုအိုင်စံ ၂၈-၁၂-၂၀၁၇ Get link Facebook X Pinterest Email Other Apps Comments
((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT December 08, 2017 ((( ကိုယ်ပိုင်အကြွေး ))) ရန်သူအတွက် လူသတ်ဗုံး နဲ့ မိတ်ဆွေအတွက် ပေါင်မုန့်တုံး၊ ဒီ လမ်းစဉ် ၂ ခုစလုံးကို ငါက တီထွင်ပြီး ချသုံးတယ် စီမံချက် ၂ရပ် စလုံးကိုတော့ ငါ့ ရေတပ်နဲ့ ကြည်းတပ်တို့က ထောက်ပို့ကြတာပေါ့ ငါ ကြဲချလိုက်တဲ့ လူသတ်ဗုံးက မိတ်ဆွေရဲ့ အိမ်ခေါင်မိုးပေါ်ကျပြီး ငါ ကြဲချလိုက်တဲ့ ပေါင်မုန့်တုံးက ရန်သူရဲ့ ပါးစပ်ပေါက်ထဲ ကျသွားတယ် ဘာကမှားပြီး ဘယ်လိုရှင်းရမလဲ ဆိုတာ ငါ သိပ် သိတာပေါ့ ငါ့ အမှားကို ပြင်ဆင်ခွင့်ပေးပါ ကမ္ဘာကြီးကို ငါ သိပ်ချစ်လို့ပါကွာ ကမ္ဘာကြီးက ငါ့ကို နေဖို့နိုင်ငံ ပေးထားတယ်လေ ငါ့ အမှားကို မေ့လျှော့ခွင့်ပေးပါ စစ်ပွဲကြီးကို ငါ သိပ်ချစ်လို့ပါကွာ စစ်ပွဲကြီးက ငါ့ကို ရှင်ဖို့ပိုက်ဆံ ပေးထားတယ်လေ ရန်သူက မိတ်ဆွေ ဖြစ်လာပြီး မိတ်ဆွေက ရန်သူ ဖြစ်လာတဲ့အခါ ဘယ်လိုပြင်ရမလဲ ငါသိတာပေါ့ ဒါပေမဲ့ ဒီကနေ့ခေတ်ဟာ လူတွေက ဗုံးတွေ ဖြစ်လာပြီး ဗုံးတွေက လူတွေ ဖြစ် မလာတဲ့ ခေတ်ပါ အဲဒါကို ဘယ်လို အသစ်ပြင်ဆင်ကြမလဲ ငါ့ ဦးနှောက်က အဆုံးမမြင်အောင်ပဲ နည်း နည်းလှတယ် ငါ့ ဥာဏ်ပညာက အသုံးမဝင်အောင်ပဲ မွဲ မွဲလှတယ် ငါရယ်၊ ငါ့ မိတ်ဆွေတွေနဲ့ ငါ့ ရန်... Read more
((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် ))) December 04, 2017 ((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် ))) သူမသည်...။ ရင်ကိုခွဲ အသဲကို ဖြတ်ဆင်းစေခဲ့ ဟောဒီ မြစ်နှစ်သွယ် ပေါင်းစပ်ခြင်းရဲ့ အနာဂတ် ဧရာဝတီကို နို့တိုက်ခဲ့ရ။ အကြောပြိုင်းပြိုင်း ရိုးမတံတိုင်းတွေနဲ့ ခြံရံ အလျားရှည်ရှည် တောင်တန်းတွေနဲ့ ကာရံ မြစ်တွေကို ပြေးအားသန်စေခဲ့ မြစ်တွေကို ပြေးလမ်းမှန်စေခဲ့။ စီးဆင်းခဲ့ကြ မြစ်တွေ ရဲရဲကြီး စီးဆင်းခဲ့ကြ။ ဘယ်ရင်အုံကို ခပ်ပြင်းပြင်း ဖောက်ဆင်း ချင်းတွင်းလို အရာတွေ လာခဲ့ ဒဏ်ရာတွေကို သယ်လာခဲ့ ဧရာဝတီထဲ ပစ်ထဲ့။ စစ်တောင်းတွေအကြောင်း ကောင်းကောင်းကြီး သိရဲ့ ကြားဘူတာကနေ ဖြတ်တက် အရှိန်သွက်သွက်နဲ့ ပန်းဝင်ခဲ့ ဒါပေမဲ့ စစ်တောင်းဟာ ကိုယ်ပိုင်သံစဉ်ဖြစ်တယ်။ အစဉ်အလာကြီးမားတဲ့ သံလွင် ညာလက်ဖျံပေါ်မှာ ကြီးပြင်း များစွာသော ယုံကြည်ခြင်းတွေကို မျိုမျိုချ ပင်ပန်းလှပေါ့ သင့်ကျောပေါ်က ဇက်ကြောတက်နေတဲ့ ပဋိပက္ခတွေနဲ့ နာတာရှည် ပိန်ချုံးနေတဲ့ ယမ်းငွေ့တွေကို ခါချခဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ ရေကမ္ဘာသစ်ဆီ ခရီးဆက်မယ်။ ထိုအရပ်၌ မေခများ မလိခများ မြစ်င၀န်များ တနင်္သာရီများ စစ်တောင်းများ ချင်းတွင်းများ ဧရာဝတီများ ............များ စကားတိုးဆိတ် တိတ်တိတ် အိပ်စက်ကွယ်။ ဟောဒီမှာ ကိုယ်စီကိ... Read more
ိကြိအမ၆ကန၅၆မကမြအ့နမ December 04, 2017 (((ဖဲဝိုင်းသိမ်းချိန်))) ဖာသည်တွေလည်း မူးရူးပြဲရွဲ ပက်လက်လန် လှဲ ဆေးခြောက်တွေကုန် အမှုန်စသာကျန် ခွက်ထဲ၊ ဘီယာတွေကုန် ပုလင်းတွေက ဟိုမှာလဲ ဒီမှာလဲ ဆေးလိပ်တွေကုန် ဗူးခွံတွေဟာ ဟို ဒီ ပြန့်ကာကြဲ ငွေအားလုံးကုန် စိတ်အတွေးနဲ့ ဟိုက ဆွဲ၊ ဒီက ဆွဲ ဖဲရွက်တွေဟာ အလယ်ဗဟိုမှာ ဖရိုဖရဲ ပြန့်ကာကြဲ ဖဲသမားဟာ လူ့ဘဝထဲက ထွက်လာခဲ့ လက်ဗလာပဲ တိတ်တဆိတ် ဦးတည်နေ တိတ်ဆိတ် သုသာန်ဆီပဲ။ ။ သုအိုင်စံ ၁၁-၀၃-၂၀၁၄ (((ကဗျာ(၂)))) အမေ့လက်ကောက်၊ အမေ့နားကပ်၊ အမေ့ဆွဲကြိုး၊ အမေ့လက်စွပ်၊ အမေ့စုဘူး၊ အမေ့လစာ၊ မေ့မရ ဒီဘဝတာ မိန်းမလက်ကောက်၊ မိန်းမနားကပ်၊ မိန်းမဆွဲကြိုး၊ မိန်းမလက်စွပ်၊ မိန်းမစုဘူး၊ မိန်းမလစာ၊ မေ့မရ ဒီဘဝတာ ဂီတမှာ အရှုံးကြီး ရှုံးနစ်ရင်းလေ သူ ပြုံးဆဲ ကဗျာဟာ စီးရီးသစ် သွင်းယူနေတုန်းပဲ လူကြိုက်နည်းတဲ့ သံစဉ်တွေ ယောက်ျားရေ... ဘယ်တော့မှ ပေါက်မှာလဲ ထုတ်ခဲ့တဲ့ ဒီ သီချင်းတွေက မိန်းမရေ.... ဒါ-- ဘယ်တော့မှ ပေါက်မှာ မဟုတ်တဲ့ ထီလက်မှတ်တွေ ငါ့ အမေလည်း မင်းလို မေးဖူးတာပဲ မေးခွန်းရှေ့ (မ) တစ်လုံးထည့် ဖြေတာပဲ ကဗျာတတ်တယ်။ ။ သုအိုင်စံ ၁၂-၀၃-၂၀၁၄ (((ကဗျာ(၁)))) ငါက ပလက်ဖောင်း တစ်ဖက... Read more
Comments
Post a Comment