((( အလင်းကုသိုလ် )))

((( အလင်းကုသိုလ် )))

အလင်းတသုတ်ဟာ အလင်းခရီးကို အနီးဆုံးအထိ
နီးကပ်သွားတဲ့ လမ်းအလျှား အဝေးအကွာနဲ့
ဆည်းဆာရောင်တန်းအား နီးလာအမှောင်လွှမ်းသွား

သီချင်းတပုဒ်ဟာ သီချင်းညည်းဆို တီးလုံးအပြည့်
တီးခတ်သွားတဲ့ စန္ဒယား တေးကဗျာရဲ့
သံစဉ်များက ဈာန်ဝင်သွားကြ

မင်းအလုပ်ဟာ မင်းခရီးကို အပြီးအဆုံးအထိ
အပြီးသတ်အားရဲ့ ယန္ဒယား ရေးရာရဲ့
အဖိုးတန်လုပ်အားသည် မိုးပြန်ချုပ်သွားသည်

စုံလုံးကန်းထားတဲ့ တရက်တနေ့ဟာ မှောင်မိုက်မဲစွာ
ကုန်ဆုံးခမ်းသွားတဲ့ အသက်အရွေ့ဟာ လှောင်တိုက်ထဲမှာ

အလင်းပျောက်နေတဲ့ မျက်လုံးအိမ်လွှာထဲမှာ
ပြင်းရှလွန်းတဲ့ နှလုံးသွေးအပြည့် စိတ်မဟာမာန်အင်အားနဲ့
မှောင်နေတဲ့ ဒီဘဝရှိ အလင်းအမှောင်များကို
မမှိတ်မသုန်တဲ့ ရှင်သန်ခြင်းအားကို အစဉ်အမြဲ လိုက်စား၍
ရက်နေ့များနဲ့ ဆက်ရွေ့သွားခဲ့ အလင်းမဲ့ အမှောင်ကို
အမှောင်ရေးကြောင်းများရဲ့ လမ်းဖောက်ခေါ်ငင်ရာ လမ်းထက်ဝယ်
အမှောင်နက်မှာ နောက်ဆုံး ရပ်မနားခင်
အလင်းတသုတ်ဟာ အလင်းခရီးကို အနီးဆုံးအထိ
နီးကပ်သွားတဲ့ လမ်းအလျှား အဝေးအကွာနဲ့
အတွင်းအနက်ဆုံး မင်းရဲ့ အတွင်းရှိ ဓမ္မတရားကို
မင်း မှန်ထားနေသမျှဝယ် ရှိထားဖူးတဲ့ စိတ်ဈာန်လှိုင်းမှာ

မင်းလျှောက်နေတဲ့ ပျက်သုန်းကျိန်စာထဲမှာ
လင်းပထွန်းနေတဲ့ အရှုံးမပေးသည့် သိက္ခာဈာန်စဉ်အားရဲ့
အရောင်တွေရဲ့ ပန်းချီအလှ၏ အဆင်းအရောင်များကို
စိတ်အစုံနဲ့အမြင်မှန်ခြင်းတရားကို ရင်ထဲ ပိုက်ထား၍
ဆက်ရွေ့သွားခဲ့ ရက်နေ့များနဲ့ မလင်းတဲ့ အရောင်ကို
တောင်ဝှေးတချောင်းအားနဲ့ လှမ်းထောက်ပျော်ရွှင်စွာ လှမ်းခဲ့တယ်
အရောင်မဲ့စွာ ပျောက်ဆုံး ရပ်မသွားခင်
အလင်းလက်ဆုံး အဆင်းနဲ့ အလင်း၏ အလှတရားကို
မင်း ခံစားနေရမယ် သိထားဖူးတဲ့ အရိပ်သဏ္ဍာန်အတိုင်းသာ

အကြောင်းပြချက်မဲ့ ဆက်သုံးနေသည့် ကျင်လည်ရာ ကမ္ဘာတဝှမ်း
အကြောင်းမလှခဲ့တဲ့ မျက်လုံးတွေ၏ အမြင်ကွယ်တာ ဆန်းသလား

အမြင်မဲ့ မျက်ကန်းများဟာ အရှုံးမပေးဖို့ လမ်းသလားနေရဲ့
ဒသနအရ ပြောရင် အလှဆိုတာ အမှောင်ထဲမှာ မြင်ရခြင်းပါ
ရှင်တဲ့ အသက်လမ်းများဟာ မဆုံးသေးလို့ လှမ်းသွားနေရဲ့
ဒသနအရ ပြောရင် ဘဝဆိုတာ ထောင်ထဲမှာ ရှင်ရခြင်းပါ

မျက်ကန်းတဦးဟာ
တဖက်လမ်းကူးလာရင်
ကိုယ်က အရင်လှမ်း သွားကြို ကူလှမ်းလိုက်ပါ
ကိုယ်ရဲ့ အမြင်အစွမ်းအားကို လှူ ဒါန်းလိုက်ပါ
မင်းလှူလိုက်တာ အလင်းပဲ။   ။

သုအိုင်စံ
၂၅-၁၀-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ