((( ဒေါက်တာအောင်နက်များ )))
((( ဒေါက်တာအောင်နက်များ )))
လက်နှစ်ဖက်က
သုံးလို့ရတဲ့ ဒေါ်လာ ၁၀၀၀ သီးတယ်
နိုင်ငံတော်က ၃၅၀ အခွန်ကောက်လိုက်တယ်
လက်နှစ်ဖက်က
သုံးလို့ရတဲ့ ဒေါ်လာ ၁၀၀၀ သီးတယ်
နိုင်ငံတော်က ၃၅၀ အခွန်ကောက်လိုက်တယ်
ဦးနှောက်တစ်လုံးက
သုံးလို့မရတဲ့ အဆိပ်သီး ၁၀၀၀ သီးတယ်
နိုင်ငံတော်က ၃၅၀ အခွန်ကောက်လိုက်တယ်
ဒီကဗျာကို တမင်သက်သက် လိမ်ရေးထားမှန်း
ခင်ဗျားတို့ အားလုံး သိကြတယ် မဟုတ်လား
ဒါဆို ကျောသား ရင်သား မခွဲခြား ဆိုတဲ့ စာသားဟာ
မှားနေတယ် ဆိုတာလည်း သိကြမှာပေါ့ဗျာ
အဲဒီတော့ကာ ခင်ဗျားတို့က ဘာလုပ်လဲ
ဒီအတိုင်းပဲ ပစ်ထားလိုက်ကြတာပဲ မဟုတ်လား
နိုင်ငံတော်ကြီး နဲ့ ကမ္ဘာကြီး ဖျားနေတာဟာ
ကျနော်တို့ရဲ့ ဆေးရုံပေါ်မှာမှ မဟုတ်ပဲလေ
သူ့ဘာသူ ပုတ်လို့ပဲ သေသေ သေလို့ပဲ ပုတ်ပုတ်
အဲဒါဟာ ဆေးပညာတွေရဲ့ အလုပ် မဟုတ်ဘူး
ဒေါက်တာအောင်နက်ကတော့ သိပ်ကို ရှင်းပါတယ်
ဘဏ်ထဲက ပူးနေတဲ့ ၂ ဒေါ်လာကို ရအောင် ခွာတယ်
ကုလသမ္မဂကို ပေးရမဲ့အကြွေး ရက်ရွှေ့ဆိုင်းလိုက်တယ်
သားကျမ္မာ၏ မေမေပျော်တယ် မဟုတ်လားလို့ စာပို့တယ်
ဒီကနေ တော်သလင်းလပွဲတော်ကြီးကို သားလွမ်းတယ် တဲ့
လူသားတွေတော့ အယ်ဘိုလာနဲ့ ဖျားသေနေကြတယ် တဲ့
ဒေါက်တာအောင်နက်ဟာ
ကမ္ဘာသစ်ဆီ ပြောင်းရွှေ့အလုပ်ဝင်တော့
သူ့နမည်ကို Dr. Blacky ပြောင်းလိုက်ရတာပေါ့
ဇာတိသွေး ဇာတိမာန် မျိုးချစ် ပြည်ချစ်စိတ်ကတော့
ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့အတိုင်းပဲပေါ့
ကော့နေတဲ့ အမြီးကောက်က ဘယ်တော့မှ ဖြောင့်မရသလိုပဲ
လူ့ကမ္ဘာကို ခွေးသေးပန်းတဲ့နည်းနဲ့ နမ်းပွေ့လျှက်ပဲလေ
ခင်ဗျားနာမည် ဘယ်သူလဲလို့ မေးလိုက်တဲ့အခါ
လူတိုင်းဟာ ဒေါက်တာအောင်နက် လို့ ပြန် ဖြေကြပြီး
What Is Your Name? လို့ မေးလိုက်တဲ့အခါ
လူတိုင်းဟာ Dr. Blacky လို့ ပြန် ဖြေကြရဲ့
ခွေးကမ္ဘာကြီး မိုးသောက်ခဲ့တဲ့ လူ့ခေတ်သစ်ဟာ
ခွေးသမိုင်းကြီး ထွန်းတောက်ခဲ့တဲ့ လူ့ခေတ်သစ်ဟာ
တတိယကမ္ဘာစစ်ကြီး မဖြစ်ခင်လေးလောက်မှာ စခဲ့တာပေါ့
အခုချိန်ထိတော့
ကိုယ့် အရိုးစွယ် ကိုယ် ပြန် မကိုက်မိကြသေဘူး
ကိုယ့် အမျိုးနွယ် ကိုယ် ပြန် မတိုက်မိကြသေဘူး
နေမြင့်လေ ခွေးရူးရင့်လေ ဆိုပေမဲ့လည်း
ဒေါက်တာအောင်နက်တွေက ဆရာဝန်တွေလေဗျာ ။ ။
သုအိုင်စံ
၀၉-၀၁-၂၀၁၅

Comments
Post a Comment