((( အီရတ်အကြွေး )))
((( အီရတ်အကြွေး )))
ရှုံးသူရဲ့ ဘဝလမ်းကို ချောင်သိပ် နင်းချ ဖျက်ဆီးထားတဲ့
စာမျက်နှာပျက်ခေတ်တခုအတွက် အရိုးယဉ်ကျေးမှု ရှိနေရင်
နိုင်သူရဲ့ မှတ်တမ်းကို ဘောင်ချိတ်ရင်း ထပ်ဖွဲ့စည်းသွားတဲ့
ကမ္ဘာသစ်လာတဲ့ ပြစ်မှုအတွက် ကြိုးစင်လေးတစ်ခု ရှိစေချင်
လူ့ရာဇဝင် သမိုင်းဘီး လှည့်ပတ်တာ ကျန်-မသွားစေရပါ
လူ့ကမ္ဘာတွင် ဝိုင်းသိမ်းတဲ့ အကမှာ အမှန်တရားတွေ ကပါ
အပြစ်ပါသူ၊ နစ်နာသူ၊ ခုံရုံးမှာတိုင်၊ အကုန်လုံး လာဆိုင်ကာ
တရားခံ အမေရိကန် တရားသူကြီး ကြွလာပြီ အားလုံးရပ်ပါ။ ။
သုအိုင်စံ
၁၀-၀၇-၂၀၁၆
Comments
Post a Comment