((( သမားလက်လျှော့ )))

((( သမားလက်လျှော့ )))

ပင်လယ်ကမ်းခြေမြို့မှာ
ပင်လယ်ဓါးပြတို့အုပ်စုကြီးက
ဘုရားကြီးတစ်ဆူ တည်ထားတယ်
(သိပ်လည်းတန်ခိုးကြီးလှပေ)

ကုန်းမြင့်တောင်ပေါ်မြို့မှာ
ဘိန်းမှောင်ခိုတို့အုပ်စုကြီးက
ဆေးရုံကြီးတစ်ရုံ ဆောက်ထားတယ်
(သိလည်းတန်ဖိုးကြီးလှပေ)

မြေလတ်မြန်မာပြည်မှာ
ပြည်ဖျက်ကောင်တို့အုပ်စုကြီးက
အဆိပ်ပင်ကြီးတစ်ပင် စိုက်ထားတယ်
(အရိပ်မဲလျှံမိုးပြီးကျနေ)

ဦးနှောက်အတွင်း အမြှေးပါးမှာ ဝင်ပြီးကပ်နေတဲ့
လက်နက်ကြီးကျည်ဆံစကို ခွဲထုတ်လိုက်ရင် သေမယ်လို့
ကျွမ်းကျင်သူ ဆရာဝန်တို့က ပြောပြတယ်
လူတွေဟာ ဦးနှောက်ထဲ ကျည်စ ဖောက်ဝင်ခံထားရ
မှန်တာကို တရားလို့ အတွေးအားနဲ့ မဆုံးဖြတ်နိုင်ဘူး
မှားတာကို မတရားလို့ အလေးထားလျှက် မသုံးသတ်နိုင်ဘူး
တစ်တိုင်းပြည်လုံး ငိုင်ပြီး ရူးနေကြတဲ့ မြန်မာတွေလေ
အဆိပ်ပင်ကြီးအောာက်မှာ မြေဝိုင်းဇတ် ကနေကြ
အဆိပ်ပင်ကြီးအောာက်မှာ သေသိုင်းအက ကနေကြ
ခွဲစိပ်လို့ မရတဲ့ ဒဏ်ရာ သေရာပါပဲ။   ။

သုအိုင်စံ
၁၈-၀၂-၂၀၁၅

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))