((( ကင်းမျှော်စင်တွေ )))
((( ကင်းမျှော်စင်တွေ )))
တလောကလုံးကို ကင်းထောက်စောင့်ကြည့်ရမှာမို့
တလောကလုံးရဲ့ အကြည့်ကိုခံနိုင်ရည်ရှိနေတာလား
လှေကားရှည်ရှည် အရပ်မြင့်မြင့်
ကင်းမျှော်စင်တွေရဲ့ ဟာလာဟင်းလင်းဖြစ်စဉ်။
ဖျတ်လတ်သောဧည့်ကြိုအပြုံးတွေကို ဆွဲသုံးထားပေမဲ့
လှပသောဧည့်ကြိုအပြုံးလို ချိုသာပျူငှာမှုကိုမပြုတတ်
လိုအပ်လို့ပတ်သက်ရရင်လည်း
ဆက်ဆံရေးက အမိန့်ပေးသံလို မာပြတ်ပြတ်ပြင်းထန်
လေဒါန်မိုးဒါန်ခံနိုင်တဲ့ ရိုးသားမှုတစ်ခုထဲနဲ့ရပ်တည်ရှင် သန်။
ခြံစည်းရိုးတွေလို မွေးမွေးချင်း ခြေချုပ်ကျ
ပစ်မိန့်ရပြီးသား ပဒေသာမိုင်းတွေကို ကိုယ်မှာပတ်
ဖြတ်သွားဖြတ်လာ လေထုနဲ့အရာဝတ်ထုတွေကို ရင်ခုန်မိပါရဲ့
နှလုံးသားတည့်တည့်ကို ၀င်လာရဲတာက ကျည်ဆံတွေသာ။
အလှည့်ကျကင်းသမားလို မိတ်ဆွေတွေသာဂျူတီချိန်းချိန်း သွားကြ
အချိန်ပြည့်ညောင်းချိခြင်းနဲ့သာ ကျင့်သားရအပန်းဖြေနေရတော့
ဗုံးတစ်လုံးကို ပြိုင်တူနမ်းမဲ့ဝိညာဉ်အလာကို လိုတ တတ်လာခဲ့
စစ်ကိုစခဲ့တဲ့ ရာဇ၀င်အို ရာဇ၀င်သစ်တွေနဲ့ဝေးရာ.......... .
ကဲ....ရန်သူတွေတက်လာကြပြီ
ဘာတွေဘယ်လိုပဲ ဇိမ်ယူအိပ်မောကျနေပစေ
စတင်ပစ်ခတ် မီးကုန်ယမ်းကုန်သွန်ခဲ့ရတာ ကင်းမျှော်စင်တွေပါ
စက်သေနတ်တွေရဲ့အမျှဝေသံတွေညံေ နတဲ့ ဈာပနမှာ
ကိုယ့်ကိုယ်ကိုယ် ပြောင်းရွေ. ကာဘာယူ ပစ်ခတ်ခွင့်လေးတောင်မရတဲ့
အဲဒီ ကင်းမျှော်စင်လို ကောင်တွေပေါ့
အဲဒီ ခြံစည်းရိုးလို ကောင်တွေပေါ့
စခန်းသိမ်းတိုက်ပွဲမှာ
အရင်ဦးဆုံး ပစ်ခွင်းဖျက်ဆီးခံလိုက်ရတာလေ၊
အထဲမှာတော့
ပျင်းရိစွာအိပ်မောကျနေတဲ့...ဦးေ ဆာင်မှု။ ။
သုအိုင်စံ
၁၉၉၈
တလောကလုံးကို ကင်းထောက်စောင့်ကြည့်ရမှာမို့
တလောကလုံးရဲ့ အကြည့်ကိုခံနိုင်ရည်ရှိနေတာလား
လှေကားရှည်ရှည် အရပ်မြင့်မြင့်
ကင်းမျှော်စင်တွေရဲ့ ဟာလာဟင်းလင်းဖြစ်စဉ်။
ဖျတ်လတ်သောဧည့်ကြိုအပြုံးတွေကို ဆွဲသုံးထားပေမဲ့
လှပသောဧည့်ကြိုအပြုံးလို ချိုသာပျူငှာမှုကိုမပြုတတ်
လိုအပ်လို့ပတ်သက်ရရင်လည်း
ဆက်ဆံရေးက အမိန့်ပေးသံလို မာပြတ်ပြတ်ပြင်းထန်
လေဒါန်မိုးဒါန်ခံနိုင်တဲ့ ရိုးသားမှုတစ်ခုထဲနဲ့ရပ်တည်ရှင်
ခြံစည်းရိုးတွေလို မွေးမွေးချင်း ခြေချုပ်ကျ
ပစ်မိန့်ရပြီးသား ပဒေသာမိုင်းတွေကို ကိုယ်မှာပတ်
ဖြတ်သွားဖြတ်လာ လေထုနဲ့အရာဝတ်ထုတွေကို ရင်ခုန်မိပါရဲ့
နှလုံးသားတည့်တည့်ကို ၀င်လာရဲတာက ကျည်ဆံတွေသာ။
အလှည့်ကျကင်းသမားလို မိတ်ဆွေတွေသာဂျူတီချိန်းချိန်း
အချိန်ပြည့်ညောင်းချိခြင်းနဲ့သာ ကျင့်သားရအပန်းဖြေနေရတော့
ဗုံးတစ်လုံးကို ပြိုင်တူနမ်းမဲ့ဝိညာဉ်အလာကို လိုတ တတ်လာခဲ့
စစ်ကိုစခဲ့တဲ့ ရာဇ၀င်အို ရာဇ၀င်သစ်တွေနဲ့ဝေးရာ..........
ကဲ....ရန်သူတွေတက်လာကြပြီ
ဘာတွေဘယ်လိုပဲ ဇိမ်ယူအိပ်မောကျနေပစေ
စတင်ပစ်ခတ် မီးကုန်ယမ်းကုန်သွန်ခဲ့ရတာ ကင်းမျှော်စင်တွေပါ
စက်သေနတ်တွေရဲ့အမျှဝေသံတွေညံေ
ကိုယ့်ကိုယ်ကိုယ် ပြောင်းရွေ. ကာဘာယူ ပစ်ခတ်ခွင့်လေးတောင်မရတဲ့
အဲဒီ ကင်းမျှော်စင်လို ကောင်တွေပေါ့
အဲဒီ ခြံစည်းရိုးလို ကောင်တွေပေါ့
စခန်းသိမ်းတိုက်ပွဲမှာ
အရင်ဦးဆုံး ပစ်ခွင်းဖျက်ဆီးခံလိုက်ရတာလေ၊
အထဲမှာတော့
ပျင်းရိစွာအိပ်မောကျနေတဲ့...ဦးေ
သုအိုင္စံ
Comments
Post a Comment