((( ပြည်တွင်းသုံး ကားနှစ်စီး )))

((( ပြည်တွင်းသုံး ကားနှစ်စီး )))

တရုတ်ပြည်ကြီးကို
သစ်လုံးတွေ တင်ပို့နေတဲ့ ကားတွေက
ဘယ်တော့မှ
စက်ဆီ မပြတ်ဘူး၊ စက်မပျက်ဘူး။
လက်ပဒေါင်းတောင်ကို
မိုင်းခွဲမြေဖြို သယ်နေတဲ့ ဘော်ဒိုဇာတွေက
ဘယ်တော့မှ
စက်ဆီ မပြတ်ဘူး၊ စက်မပျက်ဘူး။

ရန်ကုန်မြို့ထဲမှာ
မြို့တွင်းပြေးနေတဲ့ ဘတ်စ်ကားတွေက
မကြာခဏ
စက်ဆီ ပြတ်နေတယ်၊ စက်ပျက်နေတယ်။
ရန်ကုန်မြို့ထဲမှာ
အမှိုက်သိမ်းနေတဲ့ မြူ နီစပယ်ကားတွေက
မကြာခဏ
စက်ဆီ ပြတ်နေတယ်၊ စက်ပျက်နေတယ်။

ပြေးလွှားနေတဲ့ ကား ၂စီး ရဲ့
အလင်းဘက် ကားထဲမှာ
ခရိုနီများ ပုလင်းထောင်ကာ သောက်နေပြီး
ပြေးလွှားနေတဲ့ ကား ၂စီး ရဲ့
အမှောင်ဘက် ကားထဲမှာ
ပြည်သူများရဲ့ အနာဂတ်ဟာ ပျောက်နေတယ်

အတားအဆီးမဲ့ လမ်းစဉ်နဲ့၊ ကား ၂စီးရဲ့စွမ်းအင်နဲ့
တိုင်းပြည်ကို ချောက်နက်ထဲ မောင်းပို့နေတဲ့ လမ်းခရီးမှာ
လူမွဲပေါင်း သန်း၆၀ဟာ ပိတ်လှောင်ကာ စီးနင်းလိုက်ပါနေရ
ဂျူးပြည်သူတွေ အော့ဇဝဇ်အကျဉ်းခန်းဆီ သွားနေကြသလိုမျိုး
အကျိုး ပျက်ပျက်။ ။

သုအိုင်စံ
၀၃-၀၇-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ