((( ငမူးများ )))

((( ငမူးများ )))

တောင်ခြေရောက်ရင် ခေါင်ရည်သောက်ဖို့
သမုဒ္ဒရာပြင်ကနေ ခုတ်ကာနှင်
လာခဲ့တယ်

ကမ်းခြေရောက်ရင် ထမ်းရည်သောက်ဖို့
မြေပြင်လမ်းကနေ ခြေလျင်လှမ်း
လာခဲ့တယ်

သံသရာ ပတ်နေသော အမူးသမားရဲ့
အခြေခံကျတဲ့
လောဘ၏ ဥစ္စာသိုက်တွင်း ဆိုတာလည်း
ပြန်လာ ထပ်သေသော မထူးခြားတဲ့
သေဒဏ်ချတဲ့
လောက၏ ယုတ်မာလိုက်ခြင်း လိုပါပဲ

သေရည်ခွက်ထဲ
သေနေခဲ့မြဲ
အငွေ့ပျံနေတဲ့အရက်လို
တနေ့ ပြန်သေတဲ့ အသက်တွေ။ ။

သုအိုင်စံ
၁၀-၁၀-၂၀၁၅

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ