((( တော်လှန်-ဂုဏ်သိက္ခာ ပြောင်လက်လန်းစွာနဲ့ - တော်လှန်-ပုံရိပ်မှာ-မှောင်နက်အလွမ်းဖြာလျှက် )))
((( တော်လှန်-ဂုဏ်သိက္ခာ ပြောင်လက်လန်းစွာနဲ့ -
တော်လှန်-ပုံရိပ်မှာ-မှောင်နက်အလွမ်းဖြာလျှက် )))
ယောင်ရမ်းလို့ လွမ်းဆွေးကြည့်ချင်တယ် ဆိုရင်တောင်မှပဲ
ဆယ်တန်းအောင်တဲ့ ညလေးရဲ့ လူငယ့် စည်းစိမ်များလည်း
တချိန်က ဘဝမှာ မရှိခဲ့ဖူးတဲ့ ကောင်ဟာ ငါ-တယောက်တည်း
-
တောထဲမှာ ပြည်တွင်းစစ်နဲ့ ဘက်နက်ယှဉ်ထိုးခဲ့ရတဲ့ နှစ်ဆိုးများ
သေနတ်တခြား လူတခြား မဖြစ်ခဲ့တဲ့ ငါ့ရဲ့ ယုံကြည်ချက်လေးအား
လေးစားစွာဖြင့် အလေးပြန်ပြုမိတဲ့ ခပ်ကြောင်ကြောင် ဒီမျက်လုံးများ
အိပ်မရတဲ့ ဒီည၏ အတွေးလမ်းအတိုင်းကို လျှောက်လှမ်းချီတက်သွား
ဒီဘဝရဲ့ ရာဇဝင်သမိုင်းနောက်လှည့်အလွမ်းများဟာ ရင်အက်လို့ သွား
-
ကလေးအခေါ်ခံခဲ့ရဖူးတဲ့ဘဝဖြစ်ခဲ့ရသော ဘဝဆယ်ကျော်သက်တိုင်းမှာ
သူပုန်သွေးနဲ့ အရိုင်းစိတ်ဂုဏ်သွင်းထားသည့် ပုံရိပ်လွှာလေးအတိုင်းသာ
အတွေးအခေါ်မှန်နဲ့ဖူးခဲ့ရ ပွင့်ခဲ့ရသော ဘဝ၏ အရွယ်ကျော်လွန်လာခဲ့ရာ
မကုန်ဆုံးသေးတဲ့ သမိုင်းပုံရိပ်ပုံများ၏ တော်လှန်ဂုဏ်သိက္ခာသမိုင်းမဟာ
-
အခိုင်းအသင်ခံထားရသလို အမိန့်နာခံ၍ ခိုင်းနွားလို မောင်းနှင်အားဖြစ်ခဲ့
သမိုင်းဝင်အလံများလို စိတ်မှာမာန်ဖြည့် သမိုင်းအားကို ကောင်းကင်လွှင့်ခဲ့
လူငယ်နဲ့ တော်လှန်ရေးတရပ်ဟာ/လူငယ်နဲ့
သမိုင်းပေးတာဝန်အနာဂတ်ပါ
-
ဘဝဒဏ်ဆိုးတွေကို ပို နက်ရှစေခဲ့တဲ့ ဝဋ်ကျခြင်းတွေလိုလည်း ဖြစ်နေခဲ့လို့
ဘဝတန်ဖိုးတွေကို ပို လက်ပစေခဲ့တဲ့ လွပ်လပ်ခြင်းလေလိုလည်း လွင့်နေခဲ့လို့
-
တိုက်ပွဲမှာ မသေလို့ အသက်ရှင်ကျန်ခဲ့တဲ့ အသက်လေးမှာ ဗလာဘဝက-ပဲ့ကြွေ
မိုက်မဲစွာ ဆက်ပေလို့ ဆက်ရှင်သန်ခဲ့တဲ့ ဆက်ပြေးလာတာ အနာဂတ်က-မဲ့နေ
တောက်--
ငါလိုးမသား-ကိုယ်မေကိုယ်လိုး- အဖွဲ့ အစည်းများ--
-
ပျိုစွမ်း-အားအင်-များ-သွက်လက်နေချိန်မှာ-ငါတို့ ဟာ-
တိုင်းနိုင်တည်ကြဖို့ -အမောင်း-တအားခံ-တိုက်ရလေတဲ့-
စစ်သားကောင်းပျိုများလို-ရန်/ငါ အရှိန်တက်ရာမှ သွေးကြွလို့ 
ကြိုတင်ဟောက်စားစာ-ဗျူဟာမှူးထံ ရေးသားရာမှ
စောက်ဟန်ကြွဖီးနေတဲ့-အောင်ပွဲရ-စစ်သားတွေအလား
အိုနွမ်း-အားအင်များ-ပဲ့-ပျက်-ကြွေနေချိန်မှာ-ငါတို့ ဟာ-
ထိုင်းနိုင်ငံနယ်စပ်သို့ -အရောင်းစား-ခံလိုက်ရတဲ့-
ရင့်ထွားဟောင်းအိုများလို-ခန္ဓာပိန်ခဲ့ရာမှ ဈေးမရလို့ -
ငြိုငြင်ငေါက်သွားတာ-လူညာရူးဒဏ်ဘေးများသာရ
အငေါက်ခံ-၀ပြီး-သေမဲ့-ထောင်ထဲမှ-အပြစ်သားတွေအလား
ဟောဒီမှာ ဘာမှ မရှိတာ ကြိုသိခဲ့ရင် ငါ့သေနတ်ကို ငါ့ပါးစပ်နဲ့ငုံ၍သာ
အဖွဲ့ ပျက်လုလုမှာ ထည့်၍တေ့ဖြုတ်ခဲ့မိမှာ သေချာ သလောက်ပါကွာ
အသက် ဆက်လုမှုဟာ လက်တွေ့ လုပ်မိခဲ့မှာ သေရွာ အရောက်ပါကွာ
ဆက်ပြီး ပျက်နေတဲ့ ငါ့အဆိုး ငါ့ မကယ်လို့ ဆက်မနေချင်တော့ပါ
အဖွဲ့အစည်းမဲ့နေတဲ့ ၁၀၉ / ၁၁၀ မို့ အသက်မရှည်ချင်လိုတော့ပါ
-
သေနတ်တလက်နဲ့ ကျည်တတောင့်သာ ဖြစ်နိုင်ရင်လေ
ငါ့ဘဝအား ငါ-စစ်နိုင်သွားခဲ့ချင်ရဲ့ -ငါ့ကိုပိုင်တဲ့ အရှင်ရေ
အာ-မမင်-နေပါနဲ့ ကွာ---
သုအိုင်စံ
၂၆-၁၀-၂၀၁၆

Comments
Post a Comment