((( ခေါင်းခါကကွက် )))

((( ခေါင်းခါကကွက် )))

ဘဝသိပ္ပံစမ်းသပ်ချက်နဲ့ ဘာသာများအကြောင်းစုံ
စုပေါင်းတွဲကာ
အမှားတစ်ခုနဲ့ ဇွတ်တလွဲရွတ်နေတဲ့ အုပ်ချုပ်နေသော
ဦးနှောက်သေနေတဲ့ လူသားခေါင်းဆောင်အား
စက်မှု ယန္တယားနဲ့ ဆွဲလှည့်ပြီး သင်ကြားရေးမှာ
မခုန်ကြွ မရမ်းခါ အောက်ခြေခိုင်သော
အမှန်တန်ဖိုးအားနဲ့ ဥာဏ်အလင်းပွက်ရဲ့ ပုံသေနည်းတွေမှာ
လမ်းရဲ့မြေလမ်းတွေ မရှိတော့ဘူး တဲ့
ဘဝ၏ ထပ်သွားလို့ မရတဲ့ အရှိန်သည်
ဘရိတ်နင်းလျှက် ဘီးများမခိုင်သော အသုံးမဲ့ခြင်းတွေနဲ့
မှားပါများတော့ ဒီဘဝအမှန်တွင် ဖြစ်လာခဲ့ပေါ့
အမှန်ကတော့ လုပ်ဇတ်ရဲ့ အကြံအဖန်တွေ မဟုတ်လား
သိပ္ပံအင်အားလည်း စက်ပျက်ခဲ့တယ် အမှားအမှိုက်တွေလို

ဓမ္မစိတ်ဈာန်အစွမ်းအစနဲ့ ဘာသာတရားပေါင်းစုံ
ဆုတောင်းပွဲမှာ
တရားအတုနဲ့ ဝဋ်ငရဲချွတ်နေတဲ့ ဖုတ်ထုတ်နေသော
နှလုံးပေါက်သေနေတဲ့ လူသားအလောင်းကောင်အား
အသက်ပြု စွမ်းအားနဲ့ တွဲထည့်ပြီး ရှင်သွားရေးမှာ
ဥုံဖွမန်းကာ ပျောက်စေနိုင်သော
ဈာန်တန်ခိုးများရဲ့ ဖန်ဆင်းချက်နဲ့ ယုံစေနည်းတွေဟာ
လှမ်းတဲ့ခြေလှမ်းတွေ မရှိတော့ဘူး တဲ့
ဘဝ၏ ရပ်နားလို့မရတဲ့ အချိန်သည်
စိတ်အတွင်းထည့် ထိန်းမထားနိုင်သော အဆုံးမဲ့ခြင်းတွေနဲ့
ကြားပါများတော့ ဂီတသံစဉ် ဖြစ်လာခဲ့ပေါ့
အမှန်ကတော့ ယုတ်ပတ်တဲ့ အသံဗလံတွေ မဟုတ်လား
စိတ်ဈာန်စဉ်များလည်း အသက်ထွက်ခဲ့တယ် ဘုရားငမိုက်သေလို

ဘုရားဝိဇ္ဖာကို
တအား စိတ်နာခဲ့ပြီ
တရားသိပ္ပံကို
တအား ပိတ်ကန်ခဲ့သည်
အဲဒီကောင်များရဲ့ သံသရာစုတ်
ဘာမှ မဟုတ်ပါဘူးကွာ။

သုအိုင်စံ
၁၆-၁၀-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))