((( အပင်း )))

((( အပင်း )))

အိမ်ရှင်ကက်စီနိုက
ဧည့်သည်ဖဲသမားကို
ဗီးဂက်စ်မြို့ကြီးတစ်မြို့လုံး
အရှုံးပေးလိုက်ပါသတဲ့

ဧည့်သည်ဖဲသမားက
ဒီကန္တာရကြီးကို ဘယ်မှာ သွားသွန်ပစ်ရမှာလဲ
လောလောဆယ် တိုက်နေရတဲ့ ရေဖိုးနဲ့ မွဲတယ်-တဲ့

ဆင်သားဟင်းချက်စားရန်
ဆင်အား သတ်ဖို့ မတတ်နိုင်ခဲ့ခြင်းများနဲ့
ဖန်ဆင်းရှင်ရဲ့စေတနာတွေ အလကား ဖြစ်ခဲ့ရာ
ဝဋ်ကောင်ဟာ သေဆိုရင်လည်း သေချာစွာ သေပေးပါ့မှာပေါ့
ပါးစပ်ထက်ကြီးတဲ့ အဆိပ်ခဲတွေတော့ လာ လာ မပစ်ထည့်နဲ့ကွာ-တဲ့

ကိုယ်တော်ဟာ
ပန်းသေနေတဲ့လီးနဲ့
ဖာသည်ကို ပွေ့ချီခိုင်းခဲ့တယ်။   ။

အတိတ်မြို့စား
၁၈/၁၁/၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))