((( သမိုင်းစာမျက်နှာ (၂) )))

((( သမိုင်းစာမျက်နှာ (၂) )))

ပစ်မှတ်က
သချိုင်းတစ်ခုစာ
ထွက်ပြေးသွားသည်။

ကျည်ဆံက
ဘဝတစ်ခုစာ
ရှေ့တိုးလိုက်သည်။

တော်လှန်သူက
ယုံကြည်ချက်တစ်ခုစာ
ပေးဆပ်ရင်းသည်။

အောင်မြင်မှုက
အနာဂတ်တစ်ခုစာ
တာဝန်အပ်သည်။

ဒီနေရာရောက်တဲ့အထိ
သူရဲကောင်းတွေ ကျန်သေခဲ့ပြီ
အမှောင်ထဲမှ လှမ်းလျှောက်ချီ။

ဒီနေရာရောက်တဲ့အထိ
သူရဲကောင်းတွေ ကျန်နေသေးသည်
အောင်ပွဲ ရသ လန်းတောက်ပြီ။

တော်လှန်ရေးသမားတို့ဘဝရဲ့
အရိုင်းသွေးကာရန်
အလျှော်ပြန်ပေးသွားလို့မရတဲ့
သမိုင်းပေးတာဝန်ပဲ။

မနက်ဖန်များ...ပုံရုပ်လုံးကြွဖို

လက်ကျန်အား...အကုန်ထုတ်သုံးကြစို့...ရဲဘော်...။ ။

(လက်ရှိ မြန်မာ့နိုင်ငံရေးအား မီးမောင်းထိုး ရေးဖွဲ့သည်။)

သုအိုင်စံ
၂၁.၀၃.၂၀၁၂

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))