((( နိုင်ငံတော်က ပေးတဲ့ ဆု )))

((( နိုင်ငံတော်က ပေးတဲ့ ဆု )))

အမေ အပျိုတုန်းက တောင်ကုန်းက စိုစို
အမေအိုတော့ တောင်ကတုံးက ညို ညို

ဒီ ကျွန်းသစ်တွေ၊ သစ်ကြီးပင်တွေ
ထွက်ပြေးသွားလေတော့
အမေ့မြေးတွေ ဘာနဲ့ အိမ်ဆောက်နေကြမလဲ

ဒီ လျှပ်စစ်တွေ၊ ဓါတ်ငွေ့တွေ
ထွက်ပြေးသွားလေတော့
အမေ့မြေးတွေ ဘာနဲ့ ထမင်းချက်ကြမလဲ

ဒီ ကျောက်မျက်တွေ၊ ရွှေရတနာတွေ
ထွက်ပြေးသွားလေတော့
အမေ့မြေးတွေ ဘာနဲ့ အလှဆင်ဝတ်ကြမလဲ

ဒီ ဆန်၊စပါးတွေ၊ ရေထွက် ငါး၊ ပုဇွန်တွေ
ထွက်ပြေးသွားလေတော့
အမေ့မြေးတွေ ဘာနဲ့ စားသောက်ကြမလဲ

ဘာမှ မရှိတော့တဲ့ ဒီ ဗလာဘဝနဲ့
အမေ့ သား သမီး မြေးတွေ
အမေ့ အသုဘကို ဘယ်လို စီစဉ်ပေးကြလေမလဲ

အမေ့ မျက်ရည်တစ်ပေါက်
မြေပူပြင်ပေါ်ကိုကျ၊၊ လဲပြို ခမ်းခြောက်သွားပေါ့
အမေရော၊ တုတ်ကောက်ပါ ပြန် မထလာတော့ဘူး

အမေ့ အသုဘ
လူ သိပ်များများ လာ မကြည့်လှည့်ကြ
လမ်းစရိတ် မရှိတဲ့ ပြည်သူ့ဘဝတွေ။ ။

သုအိုင်စံ
၁၅-၀၃-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ