((( မြောက်ကုန်းမြေမြင့်သို့ ညစ်တွန်းဆုတ်ပြန် )))
((( မြောက်ကုန်းမြေမြင့်သို့ ညစ်တွန်းဆုတ်ပြန် )))
ယောက်ဖရေ...
မင်းလည်း
မှော်ထဲမှာ
ပျော်ဆဲလား
ဘာမှာဦးမလဲ...
ငါလည်း...မကြာခင်
သုသာန်ပြင်ကို
ဆုတ်ပြန်ဝင်ခဲ့ပါ့မယ်
ဒီရောက်နေခဲ့တုန်းလေးမှာ
ခြေထောက်တွေရဲ့ ရုန်းပြေးရာ
အလုပ် လိုက်ရှာသေးပေမဲ့
ဘာအရာတွေမှတော့ မရှိဘူး
အရှုပ် လိုက်လာပေးနေတဲ့
ကဗျာဆရာတွေကတော့ ရှိတယ်
အရင်လူငယ်ခေတ်တွေလို
ပျော်စရာတွေလည်းမရှိတော့
ဂျင် လူလည်ညစ်တွေလို
ဘော်ဒါတွပဲရှိတော့တယ်
တယောက်နဲ့တဦးနဲ့
အရင်လူဟောင်းများနဲ့ ပြန်ဆုံဖို့ဆိုတာလည်း
ရောက်ခဲ့ဖူးတဲ့
လျှင်သူရောင်းစားတဲ့ ရန်ကုန်မြို့လိုပါပဲ
ငါဟာလေ ငွေရှားသွားခဲ့တော့
ကဗျာဆရာတွေ ထားသွားခဲ့ပေါ့ကွာ
ဟား ဟား ဟား
မင်းလည်း အရင်လိုပဲ
ငှက်ဖျားကိုက်ဒဏ်ရာကို
ပျင်းဆွဲ ရင်ခွင်အိုထဲ
ဆက်ထားလိုက်ပြန်တာပဲ မဟုတ်လား
ငါတို့ လုပ်အားတွေ ပုတ်သွားတဲ့
အရိုးအရင်း ရှာတဲ့
အမျိုးချင်း မညှာတဲ့ ဥရုချောင်းဖျားရဲ့ရက်တွေက
တခုခုကောင်းထားလျှက် ဆက်နေရတာ
အကုန်လုံး- အလုပ်ရှိနေရကာ
အကုန်လုံး- တုတ်ငြိနေကြတာ
ငါသိတာပေါ့
အာဏာတက်ယူနေသော အမတ်သစ်များဟာလည်း
ငါတို့ကို
မသာနဲ့လူသေသဘောသာ-ထပ်-ပစ်ထားတာ ပဲလေ
ငါတို့ရဲ့
အပ်စိုက်လို့ ပျက်နေတဲ့ လက်ဖျံဆိုတာလည်း
ဓါတ်လိုက်လို့ တက်သေတဲ့ မနက်ဖန်လိုပါပဲ
ဆေးဖြူခဲသာ မထိုးရတဲ့အခါ
သွေးဆူရဲကာ နိုးမကြွခဲ့တာ--- သိပ်ကြာခဲ့ပေါ့
စိတ်မနာရက်တော့တာလည်းဆို--
မင်းလို-ငါလို-အားလုံးလို...
ငါသိလာခဲ့သလိုပေါ့-- ဇာတိရွာဘက်ကိုတော့
လက်ခံဗလာနဲ့ လှည့်ပြန်မလာနဲ့ ယောက်ဖရေ
တခါးပေါက်ခြံဝက တအားဆောင့်ကန်ချသလို
ကြိုသူတွေကလည်း ဆက်ဆံ မနွေးထွေးသလို
လိုသူတွေကလည်း တကယ့်အမှန် ဈေးမပေးဘူး
လက်ဗလာနဲ့ ပြန်တာထက်စာရင်
မသက်မပါပဲ ပြန်တာ ပိုမိုက်တယ် ဟေ့ရောင်
ဒါလောက်ပါပဲ--ငါရောက်လာရင်-ဆက်ြေ ပာစို့
ဘဝနစ်လို့နေတဲ့ အလုပ်သေထဲသာ အမြန်ဆုံး
အပ်သစ်တွေနဲ့ အထုပ်ပုံးဆွဲ-ငါ-ပြန်ခဲ့မယ်လေ
ဒီမယ်-- ငါတို့တွေမှ
မသေသေးလောက်ပဲ-အသက်မှာ-ပူးနေတဲ့ ကံအပို တခုက
ရေမဆေးကျောက်ပဲ-ဆက်ရှာ-ရူးနေတဲ့ ဒဏ်ကို ကုသ
ဟောဒီ-အပ်-အမာရွတ်နဲ့ အကွက်အပျောက်များ
ဟောဒီ-ဘဝကဗျာ ရွတ်လျှက် ဖျက် ဖျောက် သွားမယ်
နေတတ်သလို မှော်ဘဝမှာရယ်--
သေရသလို ပျော်ရပါတယ်--
ဒါပေမဲ့----
ဒီမြေကို-ခေါ်မလည်ရက်ဘူး...ဘယ်သူ့ ကိုမှ---
ဟုတ်တယ် မဟုတ်လား...ယောက်ဖ။ ။
သုအိုင်စံ
၂၈-၀၆-၂၀၁၆
-
-
((( ဖားကန့်ကျောက် )))
ဘဝဟာ
မှော်ထဲမှာ
ပျော်ရွှင်နေမယ် ထင်လား
ဘဝဟာ
မှော်ထဲမှာ
ပျော်ဝင်နေတယ် မြင်လား
ဥရုချောင်းဖျားက
ဖားကန့်ကျောက်များ
ကျောက်သားမတွေ့ခင်
လုံးပါး ပါး၍ ရှင်တယ်
ရှာနေတာ ကျောက်စိမ်း
တွေ့ခဲ့တာ မူးယစ်ဘိန်း
ယိုင်ယိမ်းထိုးတဲ့ ဘဝဆိုးကြုံ
အဝေးက မိသားစု ဓါတ်ပုံလည်း
မှုန်မွဲခဲ့ပြီ
ဘဝအကြောင်းကို
ရေမဆေးခင်
ဘဝအလောင်းကို
ရေးဆေးသွားသည်
တို့ညီနောင် ကျဘန်းများ။ ။
သုအိုင်စံ
၁၉-၀၄-၂၀၁၅
Comments
Post a Comment