(((ကမ္ဘာ့ဗြိတ္တာ)))

(((ကမ္ဘာ့ဗြိတ္တာ)))

မတိမ်းစောင်း မလွဲချော် မကျိုးပျက်သွားရအောင်
ကမ္ဘာ့ဝင်ရိုးကို
ထိမ်းထား ထမ်းထားရတဲ့ ဘုရားကျွန်ပုခုံးမှာ
ဓမ္မကျမ်းစာဟာ အသားမာတက်ပြီး အရေပြားလောင်
ကွာလို့

နေ့နဲ့ ည ကာလ ကြေးစည်သံ ဒူဝေဝေ မှန်နေ ညံနေဖို့
နာရီကို
လက်ညောင်းခံ ရိုက်ပေးနေရတဲ့ ဘုရားတင်းပုမှာ
ဘဝအဘိဓမ္မာဟာ အနားစုတ် အမွေးဖွာ မွစာလန်ကြဲ
ပြဲလို့

ဒုက္ခထုအမှောင်ချည်းနဲ့ ဖွဲ့စည်းထားတဲ့
နေရာများနဲ့ နံရံတွေမှာ
ဝဋ်တွင်းမွဲတေ မွန်းကြပ်ခြင်းမှ
လွတ်ရေးအတွက် အမျှဝေသံများနဲ့
စိတ်သန့်ရှင်းသောမေတ္တာမှာ
တရား ရှိပေမဲ့

မနုသလူ့ဘောင်ကြီးရဲ့ ခရီးသွားတဲ့
ခြေဟာ သွားလျှက် မြန်/မှန်နေစွာ
ချွတ်ရင်းစွဲပေ စွန်းကပ်ရင်းက
ဝဋ်ကြွေးဆက် ဘဝတွေထံ မကြားခဲ့
အဆိပ်ရနံ့မကင်းသောသစ္စာမှာ
နား မရှိလေခဲ့

သာဓု သာဓု လုပ်ရတဲ့ ကိစ္စလေးအတွက်တောင်များ
ဘာတစ်ခုမှ မလုပ်တတ်တဲ့ စိတ်ဓါတ်ဝေးတဲ့ကောင်အား
အမှောင်ထဲမှာပဲ သူ့ကိုယ်သူ ပစ်ထားလိုက်ရဲ့
ကြေးစည်ကို သူ ဆက်ရိုက်နေလျှက်ပဲ
ဝင်ရိုးကို သူ ဆက်ထမ်းထားလျှက်ပဲ
ကမ္ဘာ့ဗြိတ္တာရဲ့ထမင်းထဲမှာ ဓမ္မမိစ္ဆာရဲ့အပင်းလည်းပါတယ်။ ။

သုအိုင်စံ
၂၆-၀၂-၂၀၁၄

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))