((( ၂၄နာရီ လူသွားလမ်း )))
((( ၂၄နာရီ လူသွားလမ်း )))
နောက်လူတွေက အတင်းတိုးဝင်လာတဲ့အသံတွေနဲ့
ရှေ့လူတွေက မထွက်ချင်လို့ ငြင်းဆန်နေတဲ့အသံတွေနဲ့
လူသွားလမ်းကြီးဟာ ကျပ်ပိတ် ဆူညံနေတယ် (၂၄နာရီ)
၂၄နာရီ လူသွားလမ်းပေါ်မှာ-----
အသိဥာဏ်ရဲ့နွားကိုကျောင်းသံများ ၊ မရှိကံရဲ့ကားကိုမောင်းသံများ
အရှင်ဘုရားရဲ့ တရားဟောသံများ၊ တမင်အမှားနဲ့ စကားပြောသံများ
အဆင်မပြေတဲ့ဘဝ ငိုကျွေးသံများ၊ အဆင်ပြေတဲ့ဘဝ ဆိုတေးသံများ
လက်ငင်း အရမ်းငတ်ဗိုက်ဆာနေသံများ၊ ချက်ချင်း လမ်းစပြတ်လိုက်ရှာဖွေသံများ
သူတပါးကို အနိုင်မခံအသေခံဗုံးခွဲသံများ၊ သူများကို အပိုင်ကြံလေယာဉ်ပျံဗုံးကြဲသံများ
လူလူချင်း ဖိနှိပ်မှုထောင်ဖောက်သည့်အသံများ၊ လူလူချင်း ဖိနှိပ်မည့်ထောင်ချောက်မိသံများ
ချစ်ခြင်းနဲ့ အသေခံမဲ့ သစ္စာပြု ကြိမ်းဝါးသံများ၊ ချစ်ခြင်းရဲ့သဋေမမှန်တဲ့ မေတ္တာတုစိမ်းကားသံများ
ရဲဘော်ချင်း မညှာတမ်းဖောက်ပြန်ခဲ့သံများ၊ လွဲချော်ရင်း လာလမ်းနောက်ပြန်လှည့်သံများ
လမ်းတူတဲ့ လူလူချင်း အသံမှန်သူပြုံးပြသံများ၊ လမ်းတူတဲ့ လူလူချင်း ရန်အကြံတူမုန်းကြသံများ
ခဏရဲ့ ကျောင်းသင်ခန်းစာပြီးမြောက်သံများ၊ ဘဝရဲ့ မောင်းနှင်အားဟာခရီးမရောက်သံများ
ဥပဒေချိန်ခွင်လျှာ ဇောက်ထိုးဖြစ်သွားသံများ၊ ဥပဒေအလိမ်ပညာအောက် ကျိုးနစ်သွားသံများ
ဘာသာတရားကို အလံထူပြီးရန်သွယ်သံများ၊ ဘာသာစကားကို ဥာဏ်ကူပြီးအသံဖလှယ်သံများ
ဗိုလ်ကျတဲ့သူ့ အပြစ်အကြွေးကိုငြင်းပြေးကြသံများ၊ နဂိုရမဲ့ လူ့အခွင့်အရေးကိုအတင်းဈေးချသံများ
မိတ်ဆွေ၏ နောက်ကျောမှဓါးစိုက်လာသံများ၊ အိပ်နေသည့် ပျောက်သောဘဝအားလိုက်ရှာသံများ
တရားစစ်မှန်မှုတွေ အလုပ်ပြုတ်ထွက်သွားသံများ၊ မတရားကျင့်ကြံမှုတွေ အထုပ်ထုပ်ဆက်သွားသံများ
အဓိပ္ပါယ်မဲ့ မယောင်ရာဝိုင်းဆီလူးကြသံများ၊ ဆိတ်ကွယ်တဲ့ အမှောင်မှာတိုင်းပြည်ထူးခတ်သံများ
အရှက်မဲ့ အမူးလွန်ဆုံးဒေါသနဲ့ဆိုးမိုက်မှားသံများ၊ ပက်စက်တဲ့ ဆူးချွန်သုံးလောဘနဲ့ထိုးစိုက်သွားသံများ
လောက၏ မူလအစီအစဉ်နဲ့ဖြစ်စဉ်တွေဖြစ်နေသံများ၊ လောကရှိ လူကတီထွင်တဲ့ကျင့်စဉ်တွေကျင့်နေ သံများ
ဘယ်ခရီး-ဘယ်လိုသွားသွား ခြေရာပျောက်သံများ၊ ဘယ်နည်း-ဘယ်လိုသွားသွား တနေရာမရောက်သံများ
ဘဝပျက် အလျှားလိုက်ကူးခတ်လို့ ဘယ်မှမရောက်သံများ၊ ဓမ္မမဲ့ အမှားကြိုက်ရူးကြလို့အပယ်ဝရောက် သံများ
ယုတ်ပတ်တဲ့ လူမိုက်ကြီးစိုးအားနဲ့ငရဲလူရဲ့ေ ခွးသံများ၊ လုံ့လနဲ့ ထူစိုက်ပြီးရိုးသားတဲ့အသဲဖြူ တဲ့တေးသံများ
အာဏာသုံးစည်းစိမ်ရဲ့ အမြဲပဲပူပြင်းသောပူပန်သံများ၊ အသာယာဆုံးမီးအိမ်ရဲ့ နဲနဲပဲပူလင်းသောလူဆန်သံများ
ကံတရားတွေ ဥာဏ်ဝေးသလားဆွေးလွမ်းနေသံများ၊ အမှန်တရားတွေ ကျန်သေးလားမေးမြန်းနေသံများ
ဒီလိုပါပဲ ဒီကဗျာကို ခင်ဗျားဖတ်ချင်သလိုဖတ်သွားသံများ၊ ဒီလိုပါပဲ ဒီအရာကို ခင်ဗျားရချင်သလိုရသွားသံများ
၂၄နာရီ လူသွားလမ်းပေါ်မှာ-----
နောက်လူတွေက အတင်းတိုးဝင်လာတဲ့အသံတွေနဲ့
ရှေ့လူတွေက မထွက်ချင်လို့ ငြင်းဆန်တဲ့နေအသံတွေနဲ့
လူသွားလမ်းကြီးဟာ ကျပ်ပိတ် တိတ်ဆိတ်နေမယ် (၂၄နာရီ) ။ ။
သုအိုင်စံ
၂၄-၀၅-၂၀၁၄
-

အသိဥာဏ်ရဲ့နွားကိုကျောင်းသံများ

သူတပါးကို အနိုင်မခံအသေခံဗုံးခွဲသံများ၊ သူများကို အပိုင်ကြံလေယာဉ်ပျံဗုံးကြဲသံမျာ
လူလူချင်း ဖိနှိပ်မှုထောင်ဖောက်သည့်အသံမျာ

ခဏရဲ့ ကျောင်းသင်ခန်းစာပြီးမြောက်သံမျ

ဗိုလ်ကျတဲ့သူ့ အပြစ်အကြွေးကိုငြင်းပြေးကြသံမျာ

အဓိပ္ပါယ်မဲ့ မယောင်ရာဝိုင်းဆီလူးကြသံများ၊ ဆိတ်ကွယ်တဲ့ အမှောင်မှာတိုင်းပြည်ထူးခတ်သံမျ
အရှက်မဲ့ အမူးလွန်ဆုံးဒေါသနဲ့ဆိုးမိုက်မှ
လောက၏ မူလအစီအစဉ်နဲ့ဖြစ်စဉ်တွေဖြစ်နေသ

ဘဝပျက် အလျှားလိုက်ကူးခတ်လို့ ဘယ်မှမရောက်သံများ၊ ဓမ္မမဲ့ အမှားကြိုက်ရူးကြလို့အပယ်ဝရောက်
ယုတ်ပတ်တဲ့ လူမိုက်ကြီးစိုးအားနဲ့ငရဲလူရဲ့ေ

ဒီလိုပါပဲ ဒီကဗျာကို ခင်ဗျားဖတ်ချင်သလိုဖတ်သွားသံမျာ

Comments
Post a Comment