((( အံဇာအကျမှာ- ဒဏ်ရာက-ဒဏ်ရာ-ထပ်ရလာ )))
((( အံဇာအကျမှာ- ဒဏ်ရာက-ဒဏ်ရာ-ထပ်ရလာ )))
ဒီခေတ် ရှင်သန်မှု နှစ်ပေါင်း ၆၀ အတွင်း
အီသီယိုးပီးယားမြေမှာ ရေခန်းပြတ်ခြင်း
လူပေါင်း ၁၅ သန်း အစာပြတ် ထမင်းငတ်
ရေပြတ်သေ အရှင်လတ်လတ်ကြီး သေကြ
အဲလောက်ကြီးဖြစ်နေတာ
ဆုံးဖြတ်ခွင့် ပါဝါကြီးတဲ့ ခေါင်းဆောင်တဦးက
ရာသီဥတု ဖောက်ပြန်ခြင်း-ကုထုံး-ဆိုသည်မှာ
အတုကြီးပါ-လို့ တဖွ ဖွ ဆန့် ကျင်တင်ပြနေရဲ့
( ကျန်တဲ့--
အာဖရိက ၁၇ နိုင်ငံလည်း ရေ NGO ကို မျှော်)
သြော်...
နေရာကွဲပြားတဲ့ မဟာပလ္လင်ပေါ် နန်းထိုင်ထားတဲ့
စေတနာနည်းပါးတဲ့ လူသားရဲ့ ကမ္ဘာနန်းတော်ကို
ငွေရှိန်နှင့်အုပ်ဖိကာ ရေတိမ်နစ်မြုပ်မည့် ကမ္ဘာနှင့်
ခေတ်အသစ် သွားတဲ့ လူကမ္ဘာသားအရေးမို့ 
စစ်အသစ်များနဲ့  ဗျူဟာများရေးဖို့  လိုသတဲ့လား
စမ်းတ၀ါးဝါးထူးဆန်းဝါဒနဲ့  စတန့် လမ်းထွင်
တခမ်းတနားစူးစမ်းလာကြတဲ့ ထရမ့် လမ်းစဉ်
ယုံကြည်သူပင် တကယ်ကို များပြားနေတာ
ဗြမ္မဆိုလ်တရားတို့ ဖျားလို့နေပလား ကမ္ဘာကြီးခင်ဗျား
ခင်ဗျား-ကျန်မ္မာရေး-သာ-ခင်ဗျား သေချာ ဂရုစိုက်လှည့်ပါ
ဘာလဲ-- စစ်စွဲပြီး မိုက်လာခဲ့တာ မဝသေးဘူးလားဗျာ..။ ။
သုအိုင်စံ
၂၇-၀၃-၂၀၁၇
Comments
Post a Comment