((( ပြည့်စုံသောကျမ်းစာ )))

((( ပြည့်စုံသောကျမ်းစာ )))

အရောင်တွေနဲ့
စာစီစာကုံး ရေးတတ်လာတဲ့အခါ
ပန်းချီဆရာ ဖြစ်လာတယ်

အသံတွေနဲ့
စာစီစာကုံး ရေးတတ်လာတဲ့အခါ
ဂီတဆရာ ဖြစ်လာတယ်

စကားလုံးတွေနဲ့
စာစီစာကုံး ရေးတတ်လာတဲ့အခါ
ကဗျာဆရာ ဖြစ်လာတယ်

ဗလာတွေနဲ့
စာစီစာကုံး ရေးတတ်လာတဲ့အခါ
ဘုရားသခင် ဖြစ်လာတယ်

ဘုရားရေးတဲ့ စာစီစာကုံး ဆိုတာ
စာတလုံးမှ မရှိဖို့လိုတယ်

ဘာသာကြီး ၄ ရပ် အစား
ဘသာသာကြီး တရပ်မှ မရှိထားမှ
ဘာသာတရား ဖြစ်မယ်
အဲဒါကို ဘုရားသခင်က ကြပ်မတ်ကွပ်ကဲ
( ဗလာသိပ်ဆန်တဲ့အရာရာပဲလေ)။ ။

သုအိုင်စံ
၁၁-၀၅-၂၀၁၆

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ