(((( သုအိုင်စံ -၂ )))
(((( သုအိုင်စံ -၂ )))
မောင်ချောနွယ်ဆီက ဘာတခုမှ မလေ့လာခဲ့ဘူး
မောင်ခိုင်မာဆီက ဘာတခုမှ မလေ့လာခဲ့ဘူး
မောင်သာနိုးဆီက ဘာတခုမှ မလေ့လာခဲ့ဘူး
ဒဂုန်တာရာဆီက ဘာတခုမှ မလေ့လာခဲ့ဘူး
အများကြီးဆီက တအားကြီး မလေ့လာခဲ့ဘူး
မင်းခိုက်စိုးစန်ဆီက တခုခု လေ့လာခဲ့တယ်
သစ္စာနီဆီက တခုခု လေ့လာခဲ့တယ်
ငြိမ်းဇေဦးဆီက တခုခု လေ့လာခဲ့တယ်
အန်ဒါဂရောင်းတွေဆီက တခုခု လေ့လာခဲ့တယ်
နည်းနည်းချင်းဆီက သေးသေး ထွင်း လေ့လာခဲ့တယ်
ဒီလိုပါပဲ-ကျနော့်ကဗျာ-ဆိုတာ-အဲဒီလို ဂဂျိုးဂဂျောင်
ကဗျာဟန်ကို
ဘာသာစကားးစမ်းသပ် စိတ်ရသပျိုးယူ အတွေးဒသနစိုက်
အရောင်အသံမရှိ ထောင်ခြံမရှိ ဘောင်နံရံမရှိ ရေးနေခဲ့မိတယ်
စိတ်မပျက်မသေးသရွေ့ ဝှေ့ဆိုးနေခဲ့တယ် ရွေ့တိုးနေခဲ့တယ်
ရှေ့ တိုး/မတိုး-- အမှန်တကယ်မသေချာ-- ပြန်လည်အဖြေမရှာ
ကိုယ်တိုင်အပါအဝင်၊ ဘယ်သူတွေ ကြိုက်ဖို့ရယ်မှ မဟုတ်ဘူး
ဘယ်နေရာအပါအဝင်၊ ဘယ်အထိရောက်ဖို့ရယ်မှ မဟုတ်ဘူး
စိတ္တဇစောက်ရူးတဦး တွေးမှုပင်လယ်မှာ ကူးချင်သလိုကူးသလို
ကိုယ့်ကိုယ်ကိုယ် +သုအိုင်စံ+ ပါလို့-သိမှတ်ပြောဆိုပေးဖို့တောင်
ဒီကောင်မှာ မသေချာသေးဘူး+ စိတ်ဆက်ရူးနေခဲ့မိရဲ့  ကဗျာကို
ကိုယ်က နိုင်ငံကိုမရေးရင် နိုင်ငံကကိုယ့်ကို မရေးဘူး-လို့-ယူဆလို့
တော်လှန်ရေး+နိုင်ငံရေးတို့-ရေးတဲ့ အရောင်လေး ပေတာကလွဲရင်
စကြာဝဠာဆွဲအားမျိုးနဲ့ လူ့ပယောဂဆိုးတွေ လုံးဝ ကင်းစင်ကြောင်း
မှတ်ကျောက်ကောင်းကောင်း တင်ခံနိုင်တယ်ဟု ပြောရအောင်ကလည်း
ဒီကိစ္စကြီးမှာ ဘယ်မအေလိုးက အဆဲခံပြီး ဆရာကြီးလုပ်နေလို့ လဲကွာ
အရေမရ/အဖတ်မရ ဒီကဗျာကို ရေးတဲ့ ငါ့ကိုငါ လီးပဲ လို့ သာ ဆဲမိပါ၏။ ။
သုအိုင်စံ
၂၂-၀၉-၂၀၁၆
( ဆောရီး... မှားတယ်...
မောင်သာနိုးဆီက ထင်းရူးပင်ရိပ်နဲ့ လေ့လာခဲ့ပါတယ်)
သုအိုင်စံ ၁ ကဗျာလည်း ရှိတယ်ဗျ.. ပြန်-ရှာတင်ဦးမယ်
-
-
Comments
Post a Comment