((( ကတိစကား )))
((( ကတိစကား )))
ကျနော်ဟာ
မွေးစမှာပဲထက်ခြမ်းခွဲခံလိုက်
ရတဲ့
ဒြပ်မဲ့စာချုပ်လေးတစ်ခုပေါ့
ကျနော့်ရဲ့တစ်ခြမ်းကို
ကောင်လေးကရည်မှန်းချက်နဲ့ထမ်းယူ သွားပြီး
ကျနော့်ရဲ့တစ်ဝက်ကိုတော့
ကောင်မလေးကနှလုံးသားနဲ့သယ်ဆောင် သွားလေရဲ့
ကျနော့်ကိုယ်ကျနော်
တံတားကျိုးတစ်ခုလိုဝေးလွင့်လူး လိမ့်အောင်လွမ်းခဲ့ရတယ်။
မင်းကိုမင်းဆီပြန်ပို့ပေးဖို့
ငါ့မှာတာဝန်ရှိတယ်လို့
ကောင်လေးဟာကျနော့်ကိုမကြာခဏပြော ပတတ်ပြီး
ကောင်မလေးကတော့
ကျနော့်ကိုကျနော်လွမ်းတနေသလိုမျိုး
ကောင်လေးကိုလိုလိုတတလိုအပ်
ကျနော့်ကိုသိပ်ဂရုစိုက်တတ်တယ်။
မင်ဂလာရှိတဲ့တစ်နေ့မှာ
ကျနော်ကကျနော့်ကိုပြေးဖက်လိုက် သလို
ကောင်လေးရဲ့နှုပ်ခမ်းက
ကောင်မလေးရဲ့နှုပ်ခမ်းကိုပြေး ဟပ်တယ်
ကျနော်နောက်ဆုံးမြင်လိုက်ရတာကေ တာ့
သောကမပါတဲ့အပြုံးလှလှတွေပဲ။
ကျနော်နဲ့ကျနော်ဟာ
တစ်ဘ၀ကြာဝေးကွာခဲ့သမျှ
ပြန်ဆုံခွင့်တော့ရခဲ့ပါရဲ့
ကျနော့်ဈာပနကြီးမှာဗျာ။
အရေးကြီးဆုံးအရာတွေအရေးမပါတော့ တဲ့အကြောင်း
ကိုယ့်အလောင်းကိုယ်ကြည့်ပြီးပျော်ပျော်ကြီးသင်ယူပစ်လိုက်တယ်။ ။
သုအိုင်စံ
ကျနော်ဟာ
မွေးစမှာပဲထက်ခြမ်းခွဲခံလိုက်
ဒြပ်မဲ့စာချုပ်လေးတစ်ခုပေါ့
ကျနော့်ရဲ့တစ်ခြမ်းကို
ကောင်လေးကရည်မှန်းချက်နဲ့ထမ်းယူ
ကျနော့်ရဲ့တစ်ဝက်ကိုတော့
ကောင်မလေးကနှလုံးသားနဲ့သယ်ဆောင်
ကျနော့်ကိုယ်ကျနော်
တံတားကျိုးတစ်ခုလိုဝေးလွင့်လူး
မင်းကိုမင်းဆီပြန်ပို့ပေးဖို့
ငါ့မှာတာဝန်ရှိတယ်လို့
ကောင်လေးဟာကျနော့်ကိုမကြာခဏပြော
ကောင်မလေးကတော့
ကျနော့်ကိုကျနော်လွမ်းတနေသလိုမျို
ကောင်လေးကိုလိုလိုတတလိုအပ်
ကျနော့်ကိုသိပ်ဂရုစိုက်တတ်တယ်။
မင်ဂလာရှိတဲ့တစ်နေ့မှာ
ကျနော်ကကျနော့်ကိုပြေးဖက်လိုက်
ကောင်လေးရဲ့နှုပ်ခမ်းက
ကောင်မလေးရဲ့နှုပ်ခမ်းကိုပြေး
ကျနော်နောက်ဆုံးမြင်လိုက်ရတာကေ
သောကမပါတဲ့အပြုံးလှလှတွေပဲ။
ကျနော်နဲ့ကျနော်ဟာ
တစ်ဘ၀ကြာဝေးကွာခဲ့သမျှ
ပြန်ဆုံခွင့်တော့ရခဲ့ပါရဲ့
ကျနော့်ဈာပနကြီးမှာဗျာ။
အရေးကြီးဆုံးအရာတွေအရေးမပါတော့
ကိုယ့်အလောင်းကိုယ်ကြည့်ပြီးပျေ
သုအိုင်စံ
Comments
Post a Comment