((( စိုက်တဲ့အတိုင်း ရိတ်သိမ်းလိုက်ကြ ကမ္ဘာ့ဈာပန )))

ငါ့ကိုပေးထား၊
ငါက လက်ခံထားနိုင်တဲ့စွမ်းအင်က ကမ္ဘာတခြမ်းစာအလင်းပဲ
မင်းတို့ကောင်တွေပဲ ကမ္ဘာလုံးပြည့်
လောဘတက် OverTime ဆင်းချင်နေကြတာ
ကြွဆေးတွေ ထိုး ထိုးပြီး မနက်ဖန်ရဲ့စွမ်းအင်ကို
ခိုးခိုးယူနေကြပြန်ပြီ မဟုတ်လား
လစ်ဟာသွားတဲ့ အဲဒီကွက်လပ်တွေ ဘယ်လိုဖြည့်မလဲ
မင်းတို့ပဲပြိုလဲအသက်တိုခဲ့တယ်
မင်းတို့ရမ္မက်သရမ်းလိုက်တဲ့ သန်း ၇ထောင်အတွက်
ငါ့ကိုယ်ငါ နှစ်ဆ ထွန်ယက်ရပြီ
မိန်းမဟာ တခါတရံ ၂ ကောင်ပြိုင်မွေးနိုင်ပေမဲ့
အခါတိုင်းမှာဆိုတတ်နိုင်ပါရဲ့လာ
း
ငါ့ရင်လွှာမှာ နှစ်သီးစားစိုက်ပျိုးထားတဲ့ယြာေ မတွေ
မြေဆီခမ်းခြောက်လာနေခဲ့ပြီလေ
တောင်ဆိုလည်းဖြိုချလိုက်တာပဲ၊ တွင်းဆိုလည်းတူးနှိုက်လိုက်တာပဲ ၊
မြစ်ဆိုလည်း ဖြတ်ပိတ်လိုက်တာပဲ၊
ရေအောက်အငွေ့အုံဆိုလည်း စုတ်ထုတ်လိုက်တာပဲ၊
ငါက သစ်ပင်တွေစိုက်တင်လိုက်
မင်းတို့ကပြန်ခုတ်ဖြတ်လိုက်နဲ့ ပို ပို အိုက်စပ်ခဲ့တဲ့ လွင်ပြင်
သစ်ပင်ကို မဖြတ်ခင်
ကိုယ့်ဆံပင်ကိုယ်အရင် စမ်းသပ်ဖြတ်ကြည့်ရအောင်လို့ စာနာတွေးဖူးလား
မင်းတို့ လုပ်ရပ်က သစ်ကြီးတစ်ပင်ပျောက်သွားပေမဲ့
သစ်ငယ်တစ်ပင်မပေါက်ဖွားစေခဲ့ဘူး
အမြဲစိမ်းသစ်တောထဲက ခြုံခိုငှက်တွေလည်းပျောက်၊
ရေချိုမြစ်ထဲက ရေပျော်ငါးတွေလည်းပျောက်၊
ခမ်းသွားတဲ့ အင်းတစ်ကန် ဘယ်လိုမှ ပြန်မရတော့ဘူး၊
ပျောက်သွားတဲ့တောင်တစ်လုံး လုံးဝအဆုံးပဲ၊
လူဟာ ပန်းသီးထဲက ပိုးကောင်တစ်ကောင်ပါလားလို့
ကိုယ့်ဘဝကိုယ် တွေးကြည့်မိဖူးကြပါသလား
အဲဒီမှာ တစ်ဝက်ချန် တစ်ဝက်စားရေးမူ တရားသေ ရှိတယ်
အဲဒီမှာ Eat Half; Keep Half; policy အခိုင်အမာ ရှိတယ်
လောဘတက်ရင်၊မောဟဖက်ရင်၊ပန်းသီး လည်းကြွေ၊လူလည်းသေပဲ။
ဂွကောင်တွေ..မင်းတို့က သိပ်ကြီးကျယ်တယ်၊
၅ယောက်စီးကားကို တစ်ယောက်/နှစ်ယောက်ပဲ စီးတယ်
လူဆယ်ယောက် တနေရာရာရောက်ဖို့ ကားဆယ်စီးကို လမ်းပေါ်ပစ်တင်၊
လီဗာတွေ စွပ်တင်တော့တာပဲ
ငါ့ခမျာ ဒီဇယ်မှိုင်းရှူလိုက် ဓါတ်ဆီမှိုင်းရှူလိုက် မူးမိုက်ယိမ်းးထိုး၊
မိုးကြိုးလို ချောင်းခဏခဏဆိုးတတ်ပြီ
ကြည့်စမ်း...မြေမှာပေါက်ဖွားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ
ကောင်းကင်မှာ ရောက်သွားပျံသန်းနေကြပြီ
အက်ဆစ်မိုးတွေ ရွာသွန်းချ ငါ့မျက်ခွက်ပဲ ပွန်းပဲ့ စုတ်ပြတ်၊
ကမ္ဘာက ကမ္ဘာကို ထီးမိုးကာကွယ်လို့မှ မရတာ
အဲဒီ မီးခိုးစားသွားတဲ့ ကောင်းကင်အပေါက်ကို ဘယ်လိုပြန်ဖာမလဲ
အခု ငါ့အသဲတွင်းထဲ လေဆာမီးစွယ်စူးပြီ
သိပ်တော်လွန်းတဲ့မင်းတို့ဟာ ငါဝှက်ထားတဲ့ ရွှေကြောကြီးကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ သတ္ထုကြောကြီးကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ ရေအောက်ရေနံတွင်းဆွယ်ကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ ရေအောက်ဓါတ်ငွေ့ကွင်းကျယ်ကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ ကျောက်မီးသွေးသိုက်ကြီးကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ ကျောက်စိမ်းတောင်ကြီးကို တွေ့ခဲ့တယ်၊
အားလုံးသော အများကြီးကို လောဘတစ်ခုတည်းနဲ့ ကော်ထုတ်သွားတာ
ငါဟာ ဖျားနာစုတ်ပြတ် အခု ဒုက္ခပါးဝပြီ
ဟား ဟား ဟား
ငါ့မှာ ဝှက်ထားတဲ့ ရေအောက်မီးတောင်အရှင် အလုံးတစ်ရာရှိသေးတယ်
ငါ့မှာ ဝှက်ထားတဲ့ ကုန်းတွင်းမီးတောင်ဝါအရှင် အလုံးနှစ်ရာရှိသေးတယ်
လာယူလှည့်။ ကော်ထုတ်၊ ဖဲ့ချေ၊ ဖောက်ခွဲ၊ စုတ်ယူ၊ ဖြန့်ယက်၊
ခုတ်ဖျက်၊ အရည်ဖျော်၊ အသုံးချလှည့်၊ မင်းတို့လောဘတွေအတွက်၊
ဒါဟာ မင်းတို့တကယ်ပိုင်ဆိုင်တဲ့ မင်းတို့ဈာပနကို ပြာချမဲ့
သဘာဝအရင်းအမြစ်စွမ်းအင်စစ် အမုန်းတကမ္ဘာဗို့အားနဲ့မီးပင်လယ် မီး
ပန်းသီးဟာ စကြဝဠာထဲ ကျကွဲ အရည်ပျော် ပျောက်ကွယ်သွားတော့တယ်
အရင်လို-- အရှင်အလိုတော်မြတ် ဖြစ်ရပ်တွေအတိုင်းပဲ။ ။
သုအိုင်စံ
၁၆-၀၁-၁၃
ငါ့ကိုပေးထား၊
ငါက လက်ခံထားနိုင်တဲ့စွမ်းအင်က ကမ္ဘာတခြမ်းစာအလင်းပဲ
မင်းတို့ကောင်တွေပဲ ကမ္ဘာလုံးပြည့်
လောဘတက် OverTime ဆင်းချင်နေကြတာ
ကြွဆေးတွေ ထိုး ထိုးပြီး မနက်ဖန်ရဲ့စွမ်းအင်ကို
ခိုးခိုးယူနေကြပြန်ပြီ မဟုတ်လား
လစ်ဟာသွားတဲ့ အဲဒီကွက်လပ်တွေ ဘယ်လိုဖြည့်မလဲ
မင်းတို့ပဲပြိုလဲအသက်တိုခဲ့တယ်
မင်းတို့ရမ္မက်သရမ်းလိုက်တဲ့ သန်း ၇ထောင်အတွက်
ငါ့ကိုယ်ငါ နှစ်ဆ ထွန်ယက်ရပြီ
မိန်းမဟာ တခါတရံ ၂ ကောင်ပြိုင်မွေးနိုင်ပေမဲ့
အခါတိုင်းမှာဆိုတတ်နိုင်ပါရဲ့လာ
ငါ့ရင်လွှာမှာ နှစ်သီးစားစိုက်ပျိုးထားတဲ့ယြာေ
မြေဆီခမ်းခြောက်လာနေခဲ့ပြီလေ
တောင်ဆိုလည်းဖြိုချလိုက်တာပဲ၊ တွင်းဆိုလည်းတူးနှိုက်လိုက်တာပဲ
မြစ်ဆိုလည်း ဖြတ်ပိတ်လိုက်တာပဲ၊
ရေအောက်အငွေ့အုံဆိုလည်း စုတ်ထုတ်လိုက်တာပဲ၊
ငါက သစ်ပင်တွေစိုက်တင်လိုက်
မင်းတို့ကပြန်ခုတ်ဖြတ်လိုက်နဲ့ ပို ပို အိုက်စပ်ခဲ့တဲ့ လွင်ပြင်
သစ်ပင်ကို မဖြတ်ခင်
ကိုယ့်ဆံပင်ကိုယ်အရင် စမ်းသပ်ဖြတ်ကြည့်ရအောင်လို့ စာနာတွေးဖူးလား
မင်းတို့ လုပ်ရပ်က သစ်ကြီးတစ်ပင်ပျောက်သွားပေမဲ့
သစ်ငယ်တစ်ပင်မပေါက်ဖွားစေခဲ့ဘူး
အမြဲစိမ်းသစ်တောထဲက ခြုံခိုငှက်တွေလည်းပျောက်၊
ရေချိုမြစ်ထဲက ရေပျော်ငါးတွေလည်းပျောက်၊
ခမ်းသွားတဲ့ အင်းတစ်ကန် ဘယ်လိုမှ ပြန်မရတော့ဘူး၊
ပျောက်သွားတဲ့တောင်တစ်လုံး လုံးဝအဆုံးပဲ၊
လူဟာ ပန်းသီးထဲက ပိုးကောင်တစ်ကောင်ပါလားလို့
ကိုယ့်ဘဝကိုယ် တွေးကြည့်မိဖူးကြပါသလား
အဲဒီမှာ တစ်ဝက်ချန် တစ်ဝက်စားရေးမူ တရားသေ ရှိတယ်
အဲဒီမှာ Eat Half; Keep Half; policy အခိုင်အမာ ရှိတယ်
လောဘတက်ရင်၊မောဟဖက်ရင်၊ပန်းသီး
ဂွကောင်တွေ..မင်းတို့က သိပ်ကြီးကျယ်တယ်၊
၅ယောက်စီးကားကို တစ်ယောက်/နှစ်ယောက်ပဲ စီးတယ်
လူဆယ်ယောက် တနေရာရာရောက်ဖို့ ကားဆယ်စီးကို လမ်းပေါ်ပစ်တင်၊
လီဗာတွေ စွပ်တင်တော့တာပဲ
ငါ့ခမျာ ဒီဇယ်မှိုင်းရှူလိုက် ဓါတ်ဆီမှိုင်းရှူလိုက် မူးမိုက်ယိမ်းးထိုး၊
မိုးကြိုးလို ချောင်းခဏခဏဆိုးတတ်ပြီ
ကြည့်စမ်း...မြေမှာပေါက်ဖွားတဲ့
ကောင်းကင်မှာ ရောက်သွားပျံသန်းနေကြပြီ
အက်ဆစ်မိုးတွေ ရွာသွန်းချ ငါ့မျက်ခွက်ပဲ ပွန်းပဲ့ စုတ်ပြတ်၊
ကမ္ဘာက ကမ္ဘာကို ထီးမိုးကာကွယ်လို့မှ မရတာ
အဲဒီ မီးခိုးစားသွားတဲ့ ကောင်းကင်အပေါက်ကို ဘယ်လိုပြန်ဖာမလဲ
အခု ငါ့အသဲတွင်းထဲ လေဆာမီးစွယ်စူးပြီ
သိပ်တော်လွန်းတဲ့မင်းတို့ဟာ ငါဝှက်ထားတဲ့ ရွှေကြောကြီးကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ သတ္ထုကြောကြီးကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ ရေအောက်ရေနံတွင်းဆွယ်ကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ ရေအောက်ဓါတ်ငွေ့ကွင်းကျယ်ကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ ကျောက်မီးသွေးသိုက်ကြီးကို တွေ့ခဲ့တယ်၊
ငါဝှက်ထားတဲ့ ကျောက်စိမ်းတောင်ကြီးကို တွေ့ခဲ့တယ်၊
အားလုံးသော အများကြီးကို လောဘတစ်ခုတည်းနဲ့ ကော်ထုတ်သွားတာ
ငါဟာ ဖျားနာစုတ်ပြတ် အခု ဒုက္ခပါးဝပြီ
ဟား ဟား ဟား
ငါ့မှာ ဝှက်ထားတဲ့ ရေအောက်မီးတောင်အရှင် အလုံးတစ်ရာရှိသေးတယ်
ငါ့မှာ ဝှက်ထားတဲ့ ကုန်းတွင်းမီးတောင်ဝါအရှင် အလုံးနှစ်ရာရှိသေးတယ်
လာယူလှည့်။ ကော်ထုတ်၊ ဖဲ့ချေ၊ ဖောက်ခွဲ၊ စုတ်ယူ၊ ဖြန့်ယက်၊
ခုတ်ဖျက်၊ အရည်ဖျော်၊ အသုံးချလှည့်၊ မင်းတို့လောဘတွေအတွက်၊
ဒါဟာ မင်းတို့တကယ်ပိုင်ဆိုင်တဲ့ မင်းတို့ဈာပနကို ပြာချမဲ့
သဘာဝအရင်းအမြစ်စွမ်းအင်စစ် အမုန်းတကမ္ဘာဗို့အားနဲ့မီးပင်လယ်
ပန်းသီးဟာ စကြဝဠာထဲ ကျကွဲ အရည်ပျော် ပျောက်ကွယ်သွားတော့တယ်
အရင်လို-- အရှင်အလိုတော်မြတ် ဖြစ်ရပ်တွေအတိုင်းပဲ။ ။
သုအိုင်စံ
၁၆-၀၁-၁၃
Comments
Post a Comment