((( စစ်ကားမောင်းသူ )))
((( စစ်ကားမောင်းသူ )))
လူ ဆီ သည်
အရက်နီ တလုံး
ကား ဆီ သည်
ဓါတ် ဆီ တပုံး
လူ ဆီ ထည့်တာ များရင်
အမှားတွေနဲ့  နီးပေမည်
ကား ဆီ ထည့်တာ များရင်
သွားနေတဲ့ ခရီး ရှည်မည်
ဆိုင်တကာကို ထွက်ဝင်လျှက်
အရက်မူးလာတဲ့ ဒရိုင်ဘာ စွမ်းအားနဲ့ 
နိုင်ငံတကာကို ယှဉ်တက်လျှက်
လက်ဦးစွာနဲ့ ပြိုင်လာတဲ့ လမ်းများထက်
နိုင်ငံကောင်းစားရေးတွေအတွက်
လမ်းစဉ်ဟောင်းနဲ့ ဆက်ဆဲ စစ်ကားဟာ ရွေ့နေ
ဒိုင်ခံမောင်းသွားပြေးနေတဲ့
လမ်းတွင်မောင်းဆက် အခက်ခဲသစ်များစွာ တွေ့နေ
တိုးတက်ခြင်း အနာဂတ် နေ့ ရက်များသို့ 
ပန်းဝင်သွားတဲ့ ရည်ရွယ်ခေါင်းစဉ်များဟာ ပြီးကာ ရောက်သွားမလား
ကျိုးပျက်ရင်း ဗလာပြ၍ ပျက်သွားလို့ 
လမ်းတွင်ကားပျက် ချီသယ်မောင်းနှင်မှားကာ ခရီးမှာ မှောက်သွားမလား
စစ်ကားမောင်းနေတဲ့ ဗိုလ်ချုပ်တွေရဲ့ 
အုပ်ချုပ်ရေးတွေနဲ့  စစ်ဗျူဟာဝါဒတွေနဲ့ 
တိုင်းပြည် ယိုင်သွားလျှက် ရွေ့ ခဲ့တဲ့ ခေတ်များ
အပြစ်များကြောင်းတွေနဲ့ ဗိုလ်ချုပ်တွေရဲ့ 
ရှုပ်ထုပ်ထွေးတွေနဲ့ အပြစ်ထူလာလေတဲ့
သမိုင်းသည် မနိုင်အားနဲ့  ရှေ့ ဆက်တဲ့နှစ်များ
စစ်ခေါင်းဆောင်တွေ
တယောက်လဲလို့  တဦးလာဝင် ပြောင်းသွားခဲ့
ဒိုင်ခံမောင်းသွားရေးနဲ့  ရောက်သွားတဲ့ တဝက်ခရီးသေ၏
ချောက်ထဲသို့  မူးလာစဉ် မောင်းသွားတဲ့
နိုင်ငံကောင်းစားရေး မှောက်သွားတဲ့ အပျက်အစီးတွေအပြည့်
စစ်ကားရဲ့ နေ့ရက်များဟာ ရှေ့ဆက်မောင်းသွားလျှက်
အပြစ်များနဲ့ ဆက်၍သွားလာ အကွေ့အတက်အစောင်းများနဲ့
ချောက်ထဲကျ လူထုအလောင်းအား မကောက်သယ်တင်နိုင်ခဲ့ခြင်းများ
ဆိုးဆိုးပျက်ပျက်လမ်းစဉ် စစ်သားနိုင်ငံရေး စောက်ရမ်းတွေနဲ့
ပိုးစိုးပက်စက်လမ်းတွင် ပစ်ထားတဲ့ နိုင်ငံသွေးတွေ ခြောက်ခမ်းနေခဲ့
လှောက်လှမ်းနေတဲ့ မြန်မာမာ့နည်းမြန်မာ့တိုင်းဟန် စစ်သုံးဒီမိုကရေစီ
လူညီသောချိုင်းကုန်းဆီလား ။ ။
သုအိုင်စံ
၀၁-၁၁-၂၀၁၆
Comments
Post a Comment