((( သောင်မကပ်+ရေမကျ+အနာဂတ်ဆိုး+နံနက်သိုးများ )))
((( သောင်မကပ်+ရေမကျ+အနာဂတ်ဆိုး+နံန က်သိုးများ )))
အမျိုးသားရေးအတွက်၊ ကြိုးစားသွေးခဲ့တဲ့ တက်ကြွဓါးတလက်
ခုတ်ခဲ့ရရဲ့ လား လှီးခဲ့ရရဲ့လား၊ ဖြတ်ခဲ့ရရဲ့ လား ပိုင်းခဲ့ရရဲ့လား
ယုံကြည်ချက်ကင်ဆာနဲ့ သမိုင်းသံချေးတက်ခဲ့တဲ့
ခေတ်အိုဖြိုဖျက် ခေတ်သစ်ပြုတဲ့ တော်လှန်ရေးတရပ်
မွေးရပ်မြေကလည်း တို့အမျိုးအမှားတွေ လျော့ကျမသွား
အဝေးရပ်မြေကလည်း မြို့ရိုးတံခါးတွေ သော့ခပ်ထား
အချိန်အခါမှားနဲ့ ရမ်းတင် မထူထောင်ချင်သော
ရှုံးဘွဲ့ရခဲ့တဲ့ သမိုင်းကွေးအလံတော်ဟာ စုတ်ပြတ်
အလိမ်အညာများရဲ့ လမ်းစဉ်မူ မအောင်မြင်သော
ဖုံးဝှက်ပြကွက်နဲ့ ဝိုင်းရေးနေတဲ့ ငြိမ်းချမ်းရေးစာအုပ်က
ဘာရုပ်မှ မပေါက်သေးသော နိုင်ငံသစ်နဲ့ ဒီမိုကရေစီ
လူညီရင် အလကားလိုချင်တဲ့လောဘများသာ ညီလို့
ဤသို့ တိုင်းပျက်+ပြည်ပျက် အသက်ရှူခြင်းနဲ့
မတိုးတက်အားနဲ့ ချို့တဲ့သွားတဲ့ မြို့ပျက်များရဲ့
ရွာပျက်+ယာပျက်+သာသနာပျက် အသက်ရှင်မှုနဲ့
ရွာပျက်+ယာပျက်+သာသနာပျက် အသက်ရှင်မှုနဲ့
ဆက်-ရှင်သေနေသူတွေရဲ့ ဘဝစစ်အနှစ်သာရ မဲ့နေ
လူနဲ့တူတဲ့ လူ့အခွင့်အရေး တခုတလေမှ မရှိခဲ့ပါလား
ပေတုံးရဲ့ ရင်အုံက ရာသက်ပန် အန်ထွက်ခဲ့ သွေးပွက်များ
အမှန်တရားဘက် အသွင်မပြောင်းသေးပါလား
ဘာမှားနေလဲ အမျိုးသားရေး မူဝါဒသေတရပ်
သောင်မကပ်ကမ်းမကျ ကန်လန့်ဖြတ်စီးနေတဲ့ ပြဇတ်မြစ်တွင်
ပန်းဝင်တဲ့လူထုဘဝမသေခင် တန်းဝင်တဲ့လူဖြစ်မှု ခဏရရင် တော်ပြီတဲ့-ဗျာ
ရင်မနာတတ်တော့တဲ့ အတွင်းကြေ အသဲကွဲ ဒုက္ခဒဏ်ချက်
ဘဝငရဲအစစ်ရဲ့အစွယ်များ ငါ့အသဲမှာ အမြစ်တွယ်ထားဆဲ
နှုတ်ရင်သေမှာပဲ+မနှုတ်ရင်လည်း သေနေတာပဲ မဟုတ်လား
အသက်ရှူလိုက်တိုင်း ရင်ထဲကသချိုင်းအူသံတွေ လှိုက်ဆူသံစဉ်
ဖိနှိပ်ခံလူမှန်ရင်-ရှင်သန်ရင်း -သေနေသော တစပြင်၌
အောင်ပွဲရထားတို့ မဆိုက်လာတော့တဲ့ စိတ်ဒဏ်ရာဒဏ်ချက်
ပစ်ထားခံရတဲ့ဘူတာမှာ ပစ်ထားခံရတဲ့လူတကာဟာ
ပစ်ထားခံရတဲ့လူနာပဲလေ ပစ်ထားခံရတဲ့လူရွာငရဲမြေအား
အမိမြေကြီးကား တာဝန်မဲ့ခဲ့ခြင်းမျိုး--
အမိမြေရဲ့သား/သမီးက တာဝန်ပျက်ကွက်ခဲ့ခြင်းမျိုး--
တစုံတရာကို တစုံတရာက အပြစ်ပုံချ ပြန်လှန်လက်ညှိုးထိုး
စိတ်မာန်ဟာ ဂုတ်ရိုးကျိုးကာ အတိတ်ဒဏ်ရာချုပ်ရိုးများစွာနဲ့
ဖျားနာကာ သွားလာနေတဲ့ ဘဝအလောင်းတွေရဲ့ ဇတ်ကြောင်းသေ
သိပ်ရှည်နေတာကို စိတ်မရှည်တော့ဘူး။ ။
သုအိုင်စံ
၀၂-၁၁-၂၀၁၆
Comments
Post a Comment