((( ဥပေက္ခာသံစဉ် )))

((( ဥပေက္ခာသံစဉ် )))

စွယ်စုံအသံများ သွပ်ကာသွင်း ခံထားရတဲ့ ပုလွေဟာ
ရှင်သန်ခြင်းပဲ

နယ်လုံနံရံများ ချွတ်ခွာခြင်း ခံသွားရတဲ့ ပုလွေဟာ
လွတ်မြောက်ခြင်းပဲ

လေဟာနယ်မှာ
အရှိအသွင်တွေ ဆွေးမြေ့သွားတဲ့ ဝိညာဉ်ရဲ့  တေးသွား
ဘယ်သူကြားဖို့မှ မဟုတ်ပဲ
 
လေဟာနယ်မှာ
အသိအမြင်တွေ ထွေးပွေ့ထားတဲ့ ဝိညာဉ်ရဲ့  တေးသွား
ကိုယ်တိုင်ကြားဖို့တရားပဲ

ထာဝရ ချိတ်ပိတ် မထားတဲ့ နားတွေထဲ
ဗလာပြတိတ်ဆိတ်သွားတဲ့ တရားတွေပဲ ကြားနေတော့တယ်။   ။

သုအိုင်စံ
၀၃-၀၇-၂၀၁၇

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ