((( အညာနွားလှည်းတန်းများ )))

((( အညာနွားလှည်းတန်းများ )))

မြေလမ်းခင်းထားတဲ့ လှည်းလမ်းတွေရဲ့
အတိမ်းအရွဲ့ ဘောင်ကြတ်ထားခြင်း ပုံစံအရ
ခြေလှမ်းနင်းသွားတဲ့ ခိုင်းနွားတွေရဲ့
အယိမ်းအနွဲ့ ထောင်မတ်သွားရင်း ခုန်ပျံကသည့်
ကဗျာကာရန်လို
သာမာန်၏အထူးဒသနအား သဘောတူပါ၏

အတွင်းအပြင်မဲ့ ဖြတ်လျှောက်နေတဲ့ လေထုရဲ့
အခုန် အကွေ့အလှည့် အပြောင်းအရ
ကွင်းပြင်ထက် ကျရောက်နေတဲ့ နေနုနဲ့
ဖုန်ငွေ့နွဲ့နှောင်း ကသည့်
ကဗျာနရီလို
ယာယီ၏အမြဲတမ်းဥပဒေသအား သဘောတူပါ၏

ပြင်ကာ ဆင်ကာ ထားကြတဲ့ လမ်းများကမရှိသည့်မြေမှာ
ထင်ရာ မြင်ရာ လားရမဲ့ လှမ်းသွားရမည့်ခြေဟာ
ခြေထောက်ရဲ့စွမ်းသလောက်နှင့်
မွှေနှောက်လှမ်းလျှောက်ခွင့်ကို
သဘောတူပေးနိုင်မလား

အရပ် လေးမျက်နှာလုံးရဲ့ လေ မခုန်စွေ့တဲ့အချိန်မှာ
ဘဝ ချွေးနစ်ဖြာဖုံးတဲ့ နွေဖုန်ငွေ့အရှိန်ဟာ
အရပ်ရှည်သလောက်အား
ရပ်နေလျှောက်သွားခွင့်ကို
သဘောတူပေးနိုင်မလား

သဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ
နွေရာသီ ကျေးလက် နွားလှည်းတန်းတွေဟာ
တနေရာဆီ အပြေးသွက် ဘုရားပွဲလမ်းနေရာကို
ကျေးလက်လူ့ဘဝ၏ကွင်းပြင်ကျယ်တွင်
နွေရာသီရောက်တိုင်း လမ်းသစ်ဖောက်ထွင်သွားရ၏။ ။

သုအိုင်စံ
၃၀-၀၅-၂၀၁၄

Comments

Popular posts from this blog

((( ကိုယ်ပိုင်အကြွေး ))) === SELF-DEBT

((( သူမနှင့် ဖက်ဒရယ် မျက်နှာသစ်ခွက် )))

ိ္ကျိအမ၆ကန၅၆မကျမအ့နမ