((( ရန်သူ အစစ်ကို ရှာသတ်ပါ )))

(((ရန်သူ အစစ်ကို ရှာသတ်ပါ)))

လဒ ၄ ကောင် ဗိုက်ဆာနေတယ်
ဘုရားငုတ်တိုထိပ်မှာ တစ်ကောင်
ဗလီခေါင်မိုးချွန်ထိပ်မှာ တစ်ကောင်
လက်ဝါးကပ်တိုင်ထိပ်မှာ တစ်ကောင်
ဆာဒူးညောင်ပင်ထိပ်မှာ တစ်ကောင် ။

ဘုန်းကြီးကျောင်းက ထွက်လာသူတွေက
"ဗုဓ္ဓ ဗုဓ္ဓ" လို့ အော်ကြတယ်။

ဗလီထဲက ထွက်လာသူတွေက
"အဂ္ဂ်လာ အဂ္ဂ်လာ" လို့အော်ကြတယ်။

ချပ်ခ်ျကျောင်းထဲက ထွက်လာသူတွေက
"ဂျေးဆက် ဂျေးဆက်" လို့အော်ကြတယ်။

ဆာဒူးညောင်ပင်အောက်က ထွက်လာသူတွေက
"ဆိတ်သားရေဗုံတွေကို တီးပြီး" ရွတ်ကြတယ်။

တစ်ယောက် အော်သံဟာ တစ်ယောက် နားထဲ
သံရည်ပူတွေပဲ
ကြည့်နေတဲ့ လဒ ၄ ကောင် သွားရေ တရွှဲုရွှဲ
ဒီတိုင်းပြည် သေးသေးလေးထဲမှာ
သူ့အသံ ငါနားခါး ငါ့အသံ သူနားခါး
ဘုရားတွေကို အလံထူ ခေါင်းစဉ်လုပ်
ခုတ်သတ်ကြပြီ။

ရန်သူ ၁ ယောက်ဟာ
ရန်သူ ၃ ယောက် ရှိနေတဲ့ ပဋိပက္ခ
စစ်ရဲ့ညီမျှခြင်းအရ
သေချာစွာ အားလုံးကျဆုံးရတယ်။

လူမရှိတော့တဲ့ တိုင်းပြည်မှာ
လဒလည်း ကြာကြာမနေပါဘူး
နောက် တနိုင်ငံကို ကူးတယ်။

နောက်ထပ် တနိုင်ငံကို ကူးတယ်။

နောက် နောက်ထပ် တနိုင်ငံကို ကူးတယ်။

လူမရှိတော့တဲ့ ဒီကမ္ဘာမှာ
ရှိနေသေးတဲ့ လဒတွေဟာ
လူ အသားတွေကို လွမ်းနေတုန်းပဲ
လူမရှိတော့တဲ့အခါ ဘုရားတွေလည်း မရှိတော့ပါ

လူတွေရှိဖို့
ဘုရားတွေမရှိဖို့ လိုတယ်...
ကဲ...ဘယ်လိုလဲ။   ။
  
သုအိုင်စံ
၀၁-၀၆-၂၀၁၃

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))