((( စပါးလှေ့ချိန် )))

((( စပါးလှေ့ချိန် )))

မုန်တိုင်းတွေ ကစုန်စိုင်း ထန်းရေမူးလေ့ရှိတဲ့ ရွာမှာ
ငါနေတယ်
အမှား အမိုက်တွေနဲ့ စပါးစိုက်ထားတဲ့ လယ်မှာ
လယ်လုပ်တယ်
စပါးစိုက်ပေမဲ့ မစားလိုက်ရ တာတွေလည်းရှိတယ်
ငါ့လယ်တဲကို
၃ ခေတ် ပိုးစားနေတဲ့ ၃ နှစ်ဝါးပိုးဝါးနဲ့ ဆောက်တယ်
မြန်မာ့ရိုးမတောင်တန်းပေါ်က
ငါခိုးဖြတ်လာတဲ့ တောင်ထန်းတွေနဲ့ ခေါင်မိုးတယ်
ပြီးတော့
ဘားတိုက်ထဲလှောင်ထားတဲ့ နွားအမိုက်အမဲ လယ်ကျွန်တွေနဲ့
လယ်ထွန်တယ်
ဒီကောင်တွေထဲမှာက
ပဲဖတ်စားရတဲ့နွားရှိသလို၊ ရိုးဖြတ်မ၀ါးရတဲ့နွားလည်းရှိတယ်
တခါတခါ ဒီကောင်တွေ ထခွေ့ကြရင်ငါ စိတ်ညစ်တယ်
ငါ့မှာ
မတရားပါတီထောင်တားတဲ့ နွားညီနောင်တစုံ လည်းရှိတယ်
အမှားအလီလီလှောင်ထားတဲ့ စပါးကျီတဆောင် လည်းရှိတယ်
ရွာဘေးနားတ၀ိုက်မှ စာကလေးများတသိုက်က
ငါ့လယ်ထဲ စပါးလာစားကြတဲ့အခါ
ငါက ဂျီသရီး ဂျီဖိုး တွေနဲ့ ထ ထ ပစ်တယ်
ဒီကောင်တွေက အကောင်သေးတော့ အရှောင်မြန်တယ်၊
ရှင်းရခက်တယ်၊... တခါတခါ ငါစဉ်းစားတယ်၊
ဒီစာကလေးတွေဟာ ဒီရွာ ဒီလယ် ဒီနယ် တ၀ိုက်မှာပဲ
အတောင်အတောင် ချင်းရိုက် နှုပ်သီးနှုပ်သီး ချင်းကိုက်
အသိုက်ဖွဲ့မျိုးစဉ်ဆက် မျိုးပွား
ဒီကောင်တွေကို ငါသုတ်သင်ခွင့်ရောရှိပါ့မလား
ဒါလယ် ဒီနယ်ဟာ ဒီကောင်တွေရဲ့ ဇာတိမြေ ပဲမဟုတ်လား
ငါက ဦးနှောက်နည်းတော့
င့ါစဉ်းစားမှု အဖြေမရခင်ပဲ ငါ ရပ် ရပ်စဲလိုက်တယ်
ခုတော့-- ဒီကောင်တွေကို ပရိယာယ်နဲ့အိမ်လည်ဖိတ်ထားတယ်
ပြီးတော့ ကြွက်သတ်ဆေး လိမ်းထားတဲ့စပါးတွေနဲ့ ဧည့်ခံမယ်
ငါ့အကြံမမိုက်ဘူးလား
ငါ့အကြံမမိုက်ဘူးလား၊... ဟား ဟား ဟား ဟား……..
ပြည်သူ့လွှတ်တော်ဆိုတဲ့လယ်ထဲမှာ
စာကလေးတွေနဲ့ငါ လုံးထွေးသတ်ပုတ်တိုက်ခိုက်
ငါမသေဆုံးလိုက်ပါဘူး
ဦးနှောက်ကို မှန်ကန်တဲ့ အတွေးအခေါ် ထိမှန်သွားရုံလေး
ငါ့ကိုယ်ငါပြန်မြင်လိုက်တာ စာကလေးတစ်ကောင်အဖြစ်နဲ့
ငါ့နွားတွေကို ငါပြန်မြင်လိုက်တာ စာကလေးတွေအဖြစ်နဲ့
စာကလေးစကားတွေပြောလို့
(ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ ကျလိ)
အဓိပ္ပါယ်ကဘာလဲ။ လူစကားနဲ့ဆိုရင်တော့
""တပ်မတော်၂၅% ပြည်သူ့ဘက်က ရပ်တည်လိုက်ကြပြီဟေ့...တဲ့""
သေစမ်း----တော်တော် စောက်သုံးမကျတဲ့ ဒီကဗျာ

ဒီကဗျာကို ဒီလို အကောင်းမြင် ရေးဖွဲ့လိုက်သူဟာ ဥာဏ်မွဲလူမိုက်ပဲ
သုံးထားတဲ့ စကားလုံးတွေကြောင့်လည်း သတ်သေထိုက်တယ်
လွတ်တော်ထဲဝယ် ၄ ပုံ ၁ ပုံ စောင့်တဲ့ အယုတ်မိုက်ကောင်တွေကတော့
ဘယ်တော့မှ အမြီး ဖြောင့်လာမည် မဟုတ်သည်မှာ
ကြာလာလေ...သေချာခဲ့ပြီလား...ေ
ဒ်ါအောင်ဆန်းစုကြည်ခင်ဗျား...
ပူးသတ်တဲ့ သူတွေသာ ရူးရတဲ့ လူတွေပါ...
သက္ကရာဇ်နှစ်ထောင့်တဆယ်ငါး
ကောက်ကျစ်ပက်စက်တဲ့ နွားများ စောက်ကျင့်ပျက်နဲ့ စပါးလှေ့ကစားတယ်။ ။

သုအိုင်စံ ( ၂၀၀၉ -- ၂၀၁၅ )
------------------------------------
၂၀၀၉ ကတည်းက ရေးခဲ့တဲ့ ကဗျာပါ... ၂၀၁၀ ရွေးကောက်ပွဲ အတွက်ရေးခဲ့တာ...
ရေးရတာနဲ့ မတန်ဘူး... နိုင်ငံရေးဈေးက ခွေးဟာ ခွေးပဲမို့... ရလာဒ်က မတန်ဘူး...
၂၀၁၅ ရောက်မှ အောက်ဆုံးအပိုဒ်ကို ကဗျာကို နှမျောလို့ ထပ်ထည့်လိုက်တယ်။  ။

Comments

Popular posts from this blog

ိ္ကျိအမ၆ကန၅၆မကျမအ့နမ

((( ကိုယ္ပိုင္အေၾကြး ))) === SELF-DEBT

((( ပုရွက်ဆိတ်သေတသောင်းသည်=ဆင်သေတလောင်းနှင့် ညီ/မညီ )))